Chapter6

790 144 77
                                    

Unicode

လွန်ခဲ့သော နာရီပိုင်းလောက်အချိန်တွင်

"ကော..နင်ပြန်လာပြီလား"

"ဟိုခွေးဘယ်မှာလဲ"

"မြေအောက်ခန်းထဲမှာလေ.."

ကုန်းကျွင်းမျက်နှာတွင်အကောက်ကျစ်ဆုံး အပြုံးပေါ်လာပြီး

"အဲ့တာ ရိုးရိုးအခန်းတွေမလား..ရှောင်ရဲ့ အလုပ်ကိုသေချာမလုပ်ပြန်ဘူး သူကငါ့လူကိုထိထားတာ specialအခန်းမှာ ထားသင့်တာပေါ့"

"အခုပြောင်းပေးရမလားဟင်.."

"နေပါစေတော့ ငါမြန်မြန်လုပ်ရမှာမို့"

"ဟုတ်"

ကုန်းကျွင်း ဒေါသထွက်နေလောက်မယ်ထင်တာမို့ ကျိုးရဲ့လည်း
မစွာနိုင် ...။
ကုန်းကျွင်းရဲ့ ဒီလို စရိုက်မျိုးကို သူအသားတုန်မတတ်ကြောက်ပါသည်။

ကုန်းကျွင်းတစ်ယောက်မှောင်မည်းနေတဲ့ မြေ‌အောက်ခန်းထဲကို ဝင်သွားလေသည် ။
လျှိုခွမ်းရန် တစ်ယောက်စရောက်ထဲက မျက်လုံးကို အနက်ရောင်ပိတ်စဖြင့် အုပ်ခံထားရ၍ ဘာဆို ဘာမှ မမြင်ရ ။
လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ကို ကြိုးနဲ့ ဆွဲ ချည်ခံထားရပြီး
အကင်ခံရတော့မယ့် ကြက်သားလေးပမာ ဖြစ်နေတော့သည်။
ရုတ်တရက်သူ့ဆီ လျှောက်လာတဲ့ ခြေသံ ကြားလိုက်ရတော့ ။

"မင်း ဘယ်သူလဲ ဘာလို့ ငါ့ကို ဒီလို ချုပ်ထားရတာလဲ ..."

"ဘာလို့လောနေတာလဲ"

ဘာရယ်ကြောင့်မှန်းမသ် ထိုအသံတွင် နတ်ဆိုးတစ်ကောင်အလား နတ်ဆိုးတစ်ကောင်ဝင်ပူးထားသည်အလား ..
လူသတ်ချင်စိတ်ပြင်းပြနေမှုကို ဖုံးကွယ်ထားသလိုပင်

ကြားတဲ့ လူတိုင်း ကြက်သီးထစေမှာ အမှန်ပင်..။

ထိုလူဆီက အသံက ကပြန်ထွက်ပေါ်လာမှ ပြန့်နေတဲ့ စိတ်အပိုင်းအစတွေ
အနားပြန်ရောက်လာသည် ။

"ခဏနေ ငါ့ကောင်လေးကို ငါသွားကြိုရအုံးမယ် ငါတောင်မှ မလောတာ မင်းကဘာလောနေတာလဲ"
ပြောရင်းဆိုရင်း ကုန်းကျွင်းခုံတစ်ခုံဆွဲယူပြီး ထိုအချုပ်ခံထားရသော
လူရှေ့မှာ ထိုင်လိုက်သည်။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Où les histoires vivent. Découvrez maintenant