Chapter-49 (𝙁𝙞𝙣𝙖𝙡)

964 83 9
                                    

Unicode Version
_____

"ငါတို့လမ်းခွဲရအောင် "

ကြားလိုက်တဲ့စကားကြောင့် အားလုံးမျက်နှာက ပျက်ယွင်းလို့သွားသည်။အဆိုးဆုံးက ကုန်းကျွင်းပဲပေါ့။ ကျန်းရှီးလွင်မှာ စားလက်စတူကိုချလိုက်ပြီး သူ့အစ်ကိုဖြစ်သူကို မျက်နှာငယ်လေးနှင့်ကြည့်နေလေသည်။

အနှီကုန်းကျွင်းကိုသာလမ်းခွဲလိုက်ရင် သူ့အစ်ကိုမှာနောက်ထပ် ဘယ်တော့မှ ထိုလူလိုအရည်အချင်းရှိ၊ရုပ်ရည်ချောမောတဲ့ ချစ်သူရည်စားထပ်မရနိုင်တော့လောက်ဘူးလို့ ပုံသေတွေးထင်မိသည်။

ဖန့်ကျင်းဝေက ကြားထဲကမနေနိုင်ပဲ ဝင်ပြောမယ်အလုပ်မှာ ဝေ့ကျယ်မင်က သူ့ပါးစပ်ထဲကို ပုဇွန်တစ်ခုကောက်ခွံ့ပြီးမျက်ရိပ်ပြလေသည်။ဟွမ်ယူမင်၊မားဝမ်ယွမ်နှင့်ကျိုးရဲ့မှာ ခဏမျက်နှာပျက်သွားပြီး သူတို့နှစ်ယောက်ကြား ခေါက်တုံ့ခေါက်ပြန်ကြည့်လို့နေသေးသည်။နောက်တော့လည်း ဂရုစိုက်စရာကိစ္စမဟုတ်ပါဘူးဆိုပြီး ကောင်းကောင်းကြီး ပြန်စားနေကြတော့သည်။

"ဘာလို့ လမ်းခွဲပေးရမှာလဲ .."

"မင်းငါ့ကို ဘယ်တော့မှအလေးအနက်မထားဘူး ငါဘယ်လောက်..."

//ငါဘယ်လောက်ခံစားခဲ့ရလဲ မင်းသိလား //

"ကျွန်တော်အဲ့အတွက်တကယ်ပဲတောင်းပန်ပါတယ် ..စိတ်မဆိုးပါနဲ့တော့ "

"............"

ကုန်းကျွင်းဆက်တိုက်ချော့မော့နေပေမယ့် ကျန်းကျယ်ဟန်ရဲ့မျက်နှာကြောက လုံးဝပင်မလျော့။ပြတ်မယ် လမ်းခွဲမယ်ဆိုတဲ့ စကားကိုသာ ‌ရွတ်နေတော့ ကုန်းကျွင်းနောက်ဆုံးအနေနဲ့ပြောလိုက်သည်။

"ပြတ်ချင်ရင် အစ်ကိုတစ်ယောက်ထဲပြတ်လေ ! ကျွန်တော်ကတော့ အစ်ကို့ကို လမ်းမခွဲပေးနိုင်ဘူး "

"ကုန်းကျွင်း ! "

"အားလုံးရှေ့မှာ ကျွန်တော် ပြောပြီးသား  ..လုံးဝလမ်းမခွဲပေးနိုင်ဘူးလို့ "

"ငါတော့ မင်းကို ပြတ်ပြီ ! "

ကျန်းကျယ်ဟန် ခြေဆောင့်ပြီးအခန်းထဲကထွက်သွားလေသည်။ကုန်းကျွင်းက အရူးကောင်၊ကုန်းကျွင်းက သူ့ကိုတကယ်မချစ်ဘူး၊ကုန်းကျွင်းကသူ့ကိုလှည့်စားတယ်၊ကုန်းကျွင်းက သူ့ကိုအလေးအနက်မထားဘူး၊ဒါပေမယ့် ကုန်းကျွင်းပြန်လာတာ သူအရမ်းပျော်လေသည်။ တကယ်ကိုပဲ အရမ်းပျော်ခဲ့တာ။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Opowieści tętniące życiem. Odkryj je teraz