Unicode Version
မြေအောက်အကျဉ်းခန်းတစ်နေရာမှာ အသားစိမ်းတွေနဲ့အနံ့တွေက မွှန်ထူနေလှပါ၏။မနက်ကမှ လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့အသားတွေမို့လို့ သွေးတွေရွှဲလို့နေသည်။
ခေါက်ယပ်တောင်ဖြူတစ်လက်ပေါ်က သွေးစွန်းကွက်တွေကို သုတ်ရင်း သူ့အရှေ့က ဒူးထောက်ထားတဲ့ လူတစ်ယောက်ကို တစ်ချက်ငဲ့ကြည့်ပြီး သူ့အာရုံက ထိုအရာပေါ်မရှိတော့ပါချေ။
"သူ့ကို ငါ့ကလေးတွေနဲ့ပေးပျော်လိုက်"
သူ့စကားအဆုံးမှာ သန်သန်မာမာခန္ဓာကိုယ်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားကြီး သူ့ရှေ့မှာ ဒူးထောက်နေတဲ့လူကို ဒရွတ်တိုက်ဆွဲခေါ်သွားလေသည်။ဆွဲခေါ်သွားခံရတဲ့လူကလည်း တောင်းပန်လျက်။
ကုန်းကျွင်းနားညီးလွန်းလှတာကြောင့် ကျစ်တစ်ချက်ဆုတ်သပ်လိုက်မိပါ၏။
ခဏကြာပြီးတော့ ဆာလောင်နေတဲ့မြေခွေးတွေနဲ့အသံရော တောင်းပန်တဲ့လူရဲ့အသံရော ပျောက်သွားလေ၏။ကုန်းကျွင်းမြေအောက်အကျဉ်းခန်းလမ်းအတိုင်းသွားပြီး စီရီထားတဲ့အသားတစ်ခြင်းကိုယူလိုက်လေသည်။
ထို့နောက်ကြောက်လန့်ခြင်းဆိုးစဉ်းမျှ မရှိပါပဲ လူတစ်ရပ်နီးပါးကြီးမားလှတဲ့ မြေခွေးအကောင်နှစ်ဆယ်ကျော်လောက်ရှိတဲ့အခန်းထဲကိုဝင်သွားလေသည်။ ထိုဂုဏ်ယူဖွယ်ရာအကောင်လေးတွေကိုမြင်ရင်း ကုန်းကျွင်းနှုတ်ခမ်းက အပေါ်ဘက်သို့ သိသိသာသာကွေးညွှတ်သွားသည်။ဆာလောင်၍မာန်ဖီနေသောမြေခွေးတစ်အုပ်သည်ကား သူ့ကိုမြင်လိုက်ရသော် ရန်ပြုလိုခြင်းအလျဉ်းမရှိပဲ ခြေထောက်ရင်းမှာ အမြီးတနှံ့နှံ့ဖြင့် မြူးထူးသွားလေ၏။
ကုန်းကျွင်းခပ်သဲ့သဲ့ရယ်လိုက်ပြီး တစ်ကောင်ရဲ့ခေါင်းကိုပွတ်ပေးလိုက်တော့ တခြားတစ်ကောင်ကလည်း ကုန်းကျွင်းလက်ချောင်းရှည်တွေကိုတောင်းတသည့်အလား ခေါင်းထိုးခံလာသည်။
ခြောက်ကပ်နေသော မြေအောက်အကျဉ်းခန်းထဲမှာကြမ်းတမ်းလှသော မြေခွေးတစ်သိုက်နှင့်လူတစ်ယောက်ရဲ့ နူးညံ့ပြီးရက်စက်လှတဲ့ရယ်သံဟာ ခြောက်ခြားဖွယ်ကောင်းနေပါတော့သည်။
ESTÁS LEYENDO
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfic__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...