Chapter 22

535 102 7
                                    

Unicode

"တိုက်ခွမ်း...မင်းကို ငါ့ညီကို သတ်တဲ့ကောင်ကိုခေါ်လာပြီ ခိုင်းထားတယ် မှတ်မိရဲ့လား"

"ကျွန်တော် သေချာပေါက်မှတ်မိတာပေါ့"

ဘာမှမယ်မယ်ရရ မသိရသေးသော လျှိုခွမ်းရန်၏သေဆုံးမှု။

အလောင်းကိုတောင် မဖျောက်ဖျက်ပဲ လမ်းမကိုပုံချခဲ့တာတောင် လက်သည်ရှာမတွေ့ကြသေးဘူးဆိုသည်ကတော့...။

လျှိုကျစ်ဖန်တစ်ယောက် ဒေါသထွက်ကာ ဘေးနားကဖန်ခွက်ကိုပစ်ပေါက်ခွဲလိုက်လေသည်။

"ဒါဆို မင်းဆီက ဘာသံမှမကြားရသေးတာလဲ "

"စိတ်မပူပါနဲ့ လျှိုသူဌေး..တရားခံကို ကျွန်တော်သိပြီးပါပြီ..သိတာကြာနေပါပြီ...ဒါပေမယ့် ချက်ခြင်းသတ်ပစ်လိုက်ရင် ပျော်စရာမကောင်းတော့‌ဘူးလေ.."

"မင်းဘာဆိုလိုတာလဲ"

"စိတ်ချပါ..သူဌေးညီအတွက်ရော ကျွန်တော့်အတွက်ရော သူ့ကို လက်စားချေမှာပါ"

လီတိုက်ခွမ်းမှာ အကြံကြီးသူပီပီနားလည်နိုင်ရန်ခက်ခဲလေသည်။
ဒါကြောင့်ပဲ လျှိုကျစ်ဖန်တစ်ယောက် ညီဖြစ်သူအတွက်လက်စားချေနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်သည်။

"ဘယ်လောက်အချိန်ကြာမလဲ..."

"အခုမှစမှာပါ သူတို့ကိုပေးပျော်လိုက်ပါအုံး လျှိုသူဌေး"

Intermission!!!

နွေဦးရာသီ၏မနက်ခင်း ...

လေညင်းတွေကလည်း သူ့တာဝန်အတိုင်း တိုက်ခတ်နေသလို
ပန်းပွင့်တွေလည်း ကြွေလွင့်နေဆဲ...

ခေါင်းပေါ်ကို လွင့်စင်လာတဲ့ ပန်းရောင်မက်မွန်ပွင့်ဖတ်လေးမှာ
လက်ဖြင့်အသာအယာဖယ်ရှားခြင်း ခံလိုက်ရသည်။

ငါမြတ်နိုးသူရဲ့ ဦးခေါင်းဟာ မင်းခိုနားဖို့ မဟုတ်ဘူး
ငါတစ်ယောက်ထဲ သီးသန့်သာ....။

ကျန်းကျီဟန်ခေါင်းပေါ် ခွင့်မတောင်းပဲ ရောက်လာတဲ့
ပွင့်ဖတ်လေးကို ဖယ်ရှားပေးလိုက်ရင်း
ကုန်းကျွင်းထိုသို့တွေးမိလိုက်လေသည်။

ရေတံခွန်ကနေစီးကျနေတဲ့ ရေတွေကလည်း
အရှိန်ပြင်းလွန်းလို့ တစ်ချက်တစ်ချက် ရေစက်တွေက
မျက်နှာပေါ် ခွင့်တောင်းခြင်းမရှိ လာလာစိုစွတ်စေသည်။
ရေစက်တစ်စက်ကျလိုက်တာနဲ့ နှလုံးသားထဲ အေးမြသွားရတဲ့ခံစားချက်မျိုး

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora