Chapter 45

343 49 2
                                    

Unicode Version

"ဒေါ်လေးချန်ကို ပြန်ရှာတွေ့သွားပြီ "

သူမရဲ့စကားမှာ အားလုံးရဲ့မျက်လုံးတွေကြက်သေ‌ သေသွားကြသည်။ဖန့်ကျင်းဝေနှင့် ဝေ့ကျယ်မင်မှာ ထိုအမျိုးသမီးကြီးအားမမြင်ဖူးပေမယ့်လို့ တပါးသူတွေရဲ့ အပြောကြောင့် အားလုံးနီးပါးသိရှိထားပြီးပြီ။

ကျန်းကျယ်ဟန် မတုံ့မဆိုင်းပဲမေးလိုက်သည်။

"ဘယ်ကနေဘယ်လိုပြန်တွေ့တာလဲ "

"အဲ့တာကို ဒေါ်လေးက နောက်မှအေးဆေးပြောပြမယ်ပြောတယ် သူကရှင့်ကို မနက်ဖြန်တွေ့ချင်နေတယ် "

"သူမ အခုဘယ်မှာလဲ "

"အခုတော့ သူကို ကျွန်မတို့ဂေဟာမှာခေါ်ထားလို့မရဘူး ..အဲ့တာကြောင့် တခြားလုံခြုံတဲ့တစ်နေရာပို့ထားတာပါ.."

"အာ..မနက်ဖြန်ကျရင် ကျွန်တော်သူ့ကိုဘယ်မှာလာတွေ့ရမလဲ "

"အဲ့တာက....ကျွန်မပဲလာခေါ်ပါ့မယ် ပြောပြရင်တောင် ရှင်မသိလောက်ဘူး"

"ကောင်းပါပြီ ခဲ့မိန်းကလေး "

သူမက ခေါင်းတစ်ချက်ငြိမ့်ပြပြီး အပြင်ဘက်က မိုးစက်တွေကို ငေးကြည့်နေလေသည်။ကျန်းကျယ်ဟန်လည်း ထပ်တူပါပဲ။

~
ညနေက မိုးမိထားတဲ့အရှိန်ကြောင့် ကျန်းကျယ်ဟန်ညကျတော့ နှာစီးချောင်းဆိုးဖြစ်ကာ ကိုယ်လေးနည်းနည်းနွေးနေသည်။ ဖန့်ကျင်းဝေကတော့ စမ်းသပ်ပေးပြီး ဘာမှစိတ်ပူစရာမလိုဘူးလို့ ပြောသည်။ ကျန်းမာရေးပြန်‌ကောင်းခါစ‌ဆိုတော့ အတော်လေးအထိအခိုက်လွယ်နေလေ‌၏။

ရှောင်ကျိုးရဲ့ဆိုသည့် မိန်းကလေးမှာတော့ သူ့အားဆန်ပြုတ်အတင်းတိုက်နေပြီး အနားကနေ ပွပွစိစိဖြင့် တစ်ခုပြီးတစ်ခုဆူပူနေတော့သည်။

"ကျွန်မအဲ့တာကြောင့် ရှင့်ကို မပြောဘူးလား..တစ်ယောက်ထဲ ထွက်ထွက်မသွားပါနဲ့လို့..မိုးမိပြီးပြန်လာတယ်..အခုတော့ဖျားနေပြီ ..ကျွန်မသာ ကလေးမွေးထားရင်တောင် ရှင့်လောက်ဂရုစိုက်ရမှာမဟုတ်ဘူး "

"ငတုံးမလေး. မင်းကိုဘယ်သူကအလုပ်ရှုပ်ခံပြီးဂရုစိုက်ဖို့ပြောလို့လဲ "

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora