(Unicode)
ကုန်းကျွင်းတစ်ယောက် အိမ်ပြန်ရောက်သောအခါ အလွန်အမင်းပင်
ပေါက်ကွဲနေလေသည် ။"ဘယ်သူရှိလဲ..လာစမ်း"
"သခင်လေး ဘာခိုင်းမို့လဲဗျ"
"ခင်ဗျားတို့ အိမ်အလုပ်တွေ ဘယ်လိုလုပ်နေကြလဲ စောက်သုံးကိုမကျကြဘူး ..အကုန်ကိုယ့်ဘာသာ အလုပ်ထွက်မလား ကျွန်တော်ထုတ်ရမလား"
ဘေးက ကြည့်နေတဲ့ ကျိုးရဲ့လည်း ကြောက်ပြီး ဘာမှမပြောရဲ
သူလည်းကျန်တဲ့အချိန်တွေသာ စွာနိုင်တာ ကုန်းကျွင်းဒေါသထွက်တဲ့အခါ
ငြိမ်ကုပ်ပြီးပဲ နေရပါသည် ။
အိမ်ပြန်ရောက်လာကတည်းက ဟိုလူကို အော်လိုက် ဒီလူကိုငေါက်လိုက်နဲ့
အခုလည်း အိမ်မှာရှိတဲ့ အစေခံအယောက်နှစ်ဆယ်ကျော်လောက်ကို အလုပ်ထွက်ခိုင်းနေပြန်ပြီ အခုလို ဒေါသထွက်နေတဲ့ပုံက ကျိုးရဲ့ဘဝမှာ ပထမဆုံးမြင်ဖူးခြင်းသာ။အလုပ်သမားတွေကိုဆူလို့ဝတော့ ကုန်းကျွင်းတစ်ယောက် ဧည့်ခန်းဆိုဖာမှာမှာ ထိုင်ချလိုက်ပြီး ကျန်းကျီဟန်နဲ့ သူနဲ့ဒီနေ့ဖြစ်ခဲ့တဲ့ ပြသနာကို ပြန်စဉ်းစားမိတယ်
ဒီနေ့ ကုန်းကျွင်းက ရှန်ဟိုင်း တက္ကသိုလ်မှာ ကျန်းကျီဟန်ရှိတာမို့
သူ့အနားကပ်လို့ရအောင် ရှန်ဟိုင်း တက္ကသိုလ်မှာ ဝင်ခွင့်သွားလျှောက်ခဲ့တယ်
မမျှော်လင့်ပဲ ကျန်းကျီဟန်ကို ကျောင်းရှေ့တွေလိုက်တော့
သူ့ကိုဝမ်းသာအားရနဲ့ နှုတ်ဆက်ပေမယ့် သူကတော့ ဟိုမိန်းကလေးဆီကိုသာသွားပြီး ကြည်နူးနေလေသည်။ကုန်းကျွင်းစိတ်ထဲ ကျန်းကျီဟန်က လွဲ ပြီး ဘာမှမမြင်တော့ပဲ
ထိုလူကြီးကို ဆွဲခေါ်သွားခဲ့သည် ။
ကျန်းကျီဟန်လည်း ရုတ်တရက်မို့ သူ့နောက်ပါလာခဲ့ပေမယ့် နောက်တော့
ကုန်းကျွင်းလက်ကို ရုန်းကာ"မင်းဒါ ဘယ်လို အပြုအမူမျိုးလဲ"
"အဲ့တာ ကျွန်တော်က ခင်ဗျားကိုမေးရမှာ ..ကျန်းကျီဟန် ခင်ဗျားဘာလို့အဲ့သလောက်တောင်သူနဲ့ ကြည်နူးနေတာလဲ"
"မင်းအပူပါလား "
"ခင်ဗျား...."
ကျန်းကျီဟန် သူ့စကားတွေကိုဆက်စောင့်မနေပဲ ပြန်ထွက်သွားမယ်လုပ်တော့ ရှေ့က ပိတ်ကာလိုက်ပြီး
BINABASA MO ANG
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfiction__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...