Three 🐰🐯💜

2.1K 157 7
                                    

Unicode

ဒီနေ့နဲ့ဆို JungKook အလုပ်ဝင်တာ ၂ ပတ်ရှိပြီဖြစ်ပြီး TaeHyung တစ်ယောက် အခုရက်ပိုင်းစိတ်ကျေနပ်နေသည်....
Jungkook ကအလုပ်သေချာလုပ်ပြီး
လိုအပ်တာအကုန်ပြင်ဆင်ပေးထားနိုင်တဲ့အတွက် အခုတစ်ခေါက်အစည်းအဝေးမှာ တော်တော်‌လေးအဆင်ပြေသည်။

မနက်ရုံးကိုရောက်တော့ Jeon အုန်းသီးကရောက်နှင့်နေပြီး ဖိုင်‌တွေရှေ့ချကာအလုပ်ရှုပ်နေသည်။
'အင်း မဆိုးဘူး သူတကယ်အလုပ်ကြိုးစားတာဘဲ' လို့ကောက်ချက်ချရင်း အခန်းထဲကိုဝင်သွားလိုက်သည်။ ခနနေတော့ JungKook ဝင်လိုက်လာခဲ့သည်။

"CEO ဒါကဒီနေ့လက်မှတ်ထိုးရမယ့်စာရွက်တွေပါ။ တစ်ချက်ကြည့်ပေးပါဦး၊ ဒါကတော့ ၆လချုပ်စာရင်း၊ ပြီးတော့ ဒီဟာက ဂျယ်ဂျူမှာရှိတဲ့ CEO စိတ်ဝင်စားတယ်ဆိုတဲ့ projectအသစ်အကြောင်းပါ"

"အေး ထားခဲ့လေ ငါကြည့်ပြီးပြန်ပြောမယ်"

TaeHyung စာရင်းတွေစစ်ကြည့်လိုက်တော့ အမှားမရှိ၊စာချုပ်တွေစစ်ကြည့်တော့လည်း အချက်လက်ပြည့်စုံတယ်။ လက်မှတ်တန်းထိုးရုံဘဲ.. TaeHyung အလုပ်လုပ်ရင်းနေ့လည်စာစားချိန်ရောက်မှန်းတောင် မသိလိုက်.. JungKook နေ့လည်စာလာပေးမှ စားချိန်ရောက်မှန်းသိသည်။

"CEO နေ့လည်စာရပါပြီ။ ခနနေအစည်းအဝေးရှိပါတယ်"

JungKook နေ့လည်စာပေးပြီးပြန်ထွက်လာမှ ဂျယ်ဂျူကပို့တဲ့ email အကြောင်းသတိရတယ်။ အမြန်သွားပေးမှ။ ခနနေ အစည်းအဝေးမှာ ဒီအကြောင်းက ပြောဖို့လိုရင်လည်းလိုမှာလေ။

JungKook တံခါးတောင်မခေါက်မိဘဲ အခန်းထဲအလျင်စလိုဝင်သွားလိုက်မိစည်။ ထိုအချိန်မှာဘဲ CEO ဆိုတဲ့ဘုတ်ပြားတင်ထားသောစားပွဲပေါ်တွင် နေ့လည်စာစားနေသောကောင်လေးကို တစ်ချက်ငေးမိသွားတယ်။
'ချစ်ဖို့‌ကောင်းလိုက်တာ'

စတော်ဘယ်ရီဖျော်ရည်လေးကို‌သောက်ရင်း ပြုံးနေတဲ့ CEOလေး.... စတော်ဘယ်ရီကိုအတော်ကြိုက်ပုံရသည်။ အခုမြင်နေရသော ကောင်လေးသည် Companyတစ်ခုရဲ့ CEO နဲ့မတူပါ.... စားချင်တာစားရရင်ပျော်နေတဲ့ ကလေးလေးနဲ့သာတူ‌နေသည်။

TaeHyung ကတော့ စတော်ဘယ်ရီဖျော်ရည်လေးကိုဇိမ်ခံသောက်နေတဲ့အချိန် ရုတ်တရက်တံခါးဖွင့်ပြီးဝင်လာကာ ပြူးကြောင်တောင်ဖြင့်သူ့ကိုကြည့်နေသော JungKook ကြောင့် သူတောင်ကြောင်သွားသည်။
'ဒီအုန်းသီး ဘာကြည့်နေတာလဲဟ'

I Only Love YouWhere stories live. Discover now