Fourty Five 🐰🐯💜

1.2K 76 6
                                    

Unicode

Hoonလေး ၆လပြည့်ထဲက TaeHyungတို့ Jungkookမိဘအိမ်မှာမနေတော့ဘဲ အရင်အိမ်မှာသပ်သပ်ပြန်နေခဲ့သည်။ သားလေးကအခုဆို ၁နှစ်‌ကျော်လာပြီဖြစ်လို့အရမ်းထွားလာပြီး အရမ်းလည်းတတ်နေပြီဖြစ်သည်။ Jungkookကပုံမှန်အတိုင်းရုံးတတ်ပြီး TaeHyungကအိမ်မှာသားလေးနဲ့နေသည်။ ဒီနေ့တော့ TaeHyungနဲ့သားလေးက Jin Hyungဆိုင်မှာနေမည်ဆိုသောကြောင့် Jungkookတစ်ယောက်အလုပ်မသွားခင်ဝင်ပို့ခဲ့ရသေးသည်။

TaeHyungတို့လာမည်ကိုသိလို့ Jin ကဆိုင်ရှေ့မှာထွက်စောင့်နေသည်။ အခုဆို Jin ရဲ့ဆိုင်လေးကို NamJoon ကပြန်ပြင်ပေးထားတဲ့အတွက် ဆိုင်နဲ့အိမ်ကကပ်ရပ်ဖြစ်သည်။ မပင်ပန်းဘူးလို့ပြောသော်လည်း ပင်ပန်းတာဘာမှမလုပ်ရဟုဆိုကာ Jin ကို ဆိုင်မှာ ကိုယ်တိုင်မချက်ခိုင်းဘဲ ကြီးကြပ်တာသာလုပ်ခိုင်းတဲ့အတွက်  Seok Jin တစ်နေ့တစ်နေ့ လုပ်စရာရေရေရာရာမရှိဘဲ အလွန်ပျင်းရသည်။ ထို့ကြောင့် ဒီနေ့တော့ TaeHyung တို့သားအဖလာမယ်ဆိုလို့ Jin တစ်ယောက်တစ်မျှော်မျှော်နဲ့ထွက်စောင့်နေခြင်းဖြစ်သည်။

"Jin Hyung..ရေ မုန့်တွေလုပ်ထားတာအများကြီးပါလား"

TaeHyungလှမ်းပြောတာတောင်မကြားအောင် Jin Hyungက Hoonလေးနဲ့ဆော့ရင်းအလွန်ပျော်နေသည်။ TaeHyungလည်း Jin လုပ်ပေးထားတဲ့ စတော်ဘယ်ရီ cupcake လေးကိုယူကာ Hoon လေးလက်ထဲထည့်လိုက်ပြီး Jin ရဲ့ဘေးမှာထိုင်လိုက်သည်။

"Jin Hyung.. Hyungရောကလေးလေး‌မွေးမှာလား"

"Hyungကဘယ်လိုလုပ်မွေးလို့ရမှာလဲ  Taeလေးကတော့ ရှားရှားပါးပါးသားအိမ်ပါလာလို့လေ"

"အင်း ဟုတ်တယ်နော်.. ကျွန်တော်လည်းသိသိချင်းလန့်သွားခဲ့တာ"

"Tae လေးက ကံကောင်းပါတယ်"

Hoon လေးကိုကြည့်ကာ ပြုံးပြုံးလေးနဲ့ပြောနေတဲ့ Jin Hyungကိုမြင်တော့ TaeHyungစိတ်မကောင်းဖြစ်သွားသည်။ Jin Hyungလည်းသူ့သွေးသားကိုလိုချင်မှာဘဲမလား.. Jin Hyung ကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေချိန်မှာပဲ Jinကစကားဆက်ပြောလာသည်။

"အကိုကပြောတယ် ကလေးမလိုဘူးတဲ့ Jungkook ကလေးက သူ့ကလေးပဲတဲ့ အဲ့တာကြောင့်သူ့အတွက်ကမလိုဘူးတဲ့"

I Only Love YouWhere stories live. Discover now