Fifty One 🐰🐯💜

1.1K 77 5
                                    

Unicode

TaeHyung နဲ့ Jin ကဘာဖြစ်မှန်းသေချာမသိပေမယ့် စားစရာများကို ဆက်မမှာတော့ဘဲ Ryuu နောက်ကိုလိုက်ခဲ့ကြသည်။ ဘာကိစ္စမှန်းသေချာမသိပေမယ့် Ryuu စိတ်ဆိုးနေတာကသိသာလွန်းသည်။ မျက်နှာလေးတောင်နီမြန်းနေပြီး ကားကိုအသေကုန်မောင်းနေသည်။ TaeHyung နဲ့ Seok Jinကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းသာ လိုက်လာခဲ့ရင်း ခဏအကြာမှာတော့ Ryuu ကကားကိုရပ်လိုက်သည်။ ဘေးကိုကြည့်လိုက်တော့ ခြံဝန်းကျယ်ကြီးတစ်ခု မီးတွေအများကြီးအလှဆင်ထားပြီး သီချင်းသံများလည်းကြားနေရပြီး ထိုခြံကျယ်ကြီး၏အဝင်ဝမှာပင်လူအများအပြားကိုလည်းတွေ့ရနေသည်။

TaeHyung နဲ့ SeokJin ရဲ့စိတ်ထဲမှာတော့..
'Ryuu ကပါတီပွဲကိုလာတာများလား...'

R: "အကိုတို့လာ.. ကျွန်တော်ထင်တာမမှားဘူးဆို သူတို့ဒီမှာဘဲ"

TaeHyung နဲ့ Seok Jin ကတော့ Ryuu ပြောတာကိုသေချာနားမည်ပေမယ့် Ryuu သွားရာနောက်ကိုသာဝင်လိုက်လာခဲ့သည်။ အထဲမှာပူဖောင်းများ၊ စားစရာများ၊ မီးရောင်များနဲ့ ရေကန်အကြီးကြီးလည်းရှိပြီး သီချင်းမြူးမြူးလည်းဖွင့်ထားသည်။ တချို့လူများက ရေကန်ထဲတွင်ဆော့နေပြီး မိန်းကလေးအချို့မှာလည်း ဘီကနီနဲ့ဖြစ်သည်။ TaeHyungတို့ပတ်ဝန်းကျင်ကိုကြည့်နေတုန်း Ryuu ကရပ်လိုက်တော့ သူတို့လည်း Ryuu ကြည့်တဲ့နေရာကိုလိုက်ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ချစ်လှစွာသောအမျိုးသား ၂ ယောက်ဖြစ်တဲ့ Jeon ညီအကိုကိုတွေ့လိုက်ရလေသည်။

Jeon ညီအကိုရဲ့ဘေးမှာ ယောင်္ကျားတစ်ယောက်ရပ်နေပြီး သူတို့ ၃ ယောက်ကဝိုင်ခွက်ကိုယ်စီကိုင်ထားကာ ရင်သားကြီးကြီးများနဲ့မလိုက်ဖက်လှစွာ ဘီကနီပိစိလေးသာဝတ်ထားသောမိန်းမများနဲ့ရယ်မောကာ စကားပြောနေသည်။ ကြည့်နေရင်းနဲ့ ထို Jeon ညီအကိုကထိုမိန်းကလေးများနဲ့ ဝိုင်ခွက်ချင်းလှမ်းတိုက်ကာ cheer တောင်လုပ်နေလိုက်သေးသည်။ Seok Jinထိုမြင်ကွင်းကိုကြာကြာမကြည့်နိုင်ဘဲ မျက်ရည်များနဲ့လှည့်လာလိုက်သည်။ ထိုအချိန်မှာဘဲ TaeHyung ကလည်းလှည့်ထွက်ဖို့လုပ်တော့ Ryuu ကသူတို့ ၂ ယောက်ရဲ့လက်ကိုလာဆွဲလိုက်ပြီး‌ပြောလိုက်သည်။

I Only Love YouWhere stories live. Discover now