Eight 🐰🐯💜

1.6K 149 4
                                    

Unicode

JungKook Secretary လုပ်တာ နောက်လဆို တစ်နှစ်ပြည့်ပြီသည်။ ထိုတစ်နှစ်အတွင်း TaeHyung အကြောင်းသူအကုန်သိခဲ့ရသည်။ တကယ်တော့ TaeHyungက သူထင်ခဲ့သလို လူကြီးပုံဖမ်းထားသော ကလေးလေးပင်ဖြစ်သည်။ JungKookထက် ၃နှစ်ကြီးသော်လည်း အကြီးလို့မထင်ရအောင်ဆိုးတတ်သေးသည်။ ထိုအကြောင်းကို JungKook နဲ့ TaeHyung ငယ်ငယ်ထဲကနေအခုထိ Kim အိမ်တွင်အလုပ်လုပ်‌နေသော ဒရိုက်ဘာဦးလေးကြီးသာသိသည်။ အရင်ကဆို TaeHyungက အကြောင်းသိသော ဦးလေးကြီးကိုသာဂျီတိုက်သည်‌လေ ။ အခုတော့ JungKook ပါပါလာပြီဖြစ်သည်။ ဒီနေ့လည်း CEOဆိုးလေးက JungKookကိုဖုန်းဆက်ပြီး....

"JungKookရယ် ငါလေ Companyမသွားချင်ဘူး.. ဒီနေ့ပါဘဲကွာ တစ်ရက်ထဲလေ.. ဂိမ်းပြိုင်ပွဲက ဖိုင်နယ်မို့ကွ.. မင်းကအကုန်လုပ်တတ်တယ်လေ ငါလည်းမင်းကိုယုံတာမို့ မင်းဘဲဒီနေ့သွားလိုက်ပါလား ဟင် ဒီနေ့တစ်ရက်ဘဲလေ.... နော်....နော်လို့  JungKook"

"Hyung အဲ့လိုဆို.. ကျွန်တော်အလုပ်မလုပ်ပေးတော့ဘူးဗျာ တခြား Companyပြောင်းလိုက်တော့မယ်"

"အားးး မကောင်းတဲ့ Jeon JungKook မင်းကိုအလုပ်ထုတ်ပစ်မယ် သွား.. သွားလုပ်တခြားဆီမှာ"

အဲ့လိုနေ့ရက်က တစ်ပတ်မှာ ၄ရက်လောက်ရှိသည်။ ကိုယ့်မှာ သူ့ရဲ့ဝေယာဝစ္ဆကအစ အလုပ်ကိစ္စအဆုံးအကုန်လုပ်ပေးရသည်။ သူလုပ်ရသည်က လက်မှတ်ထိုးရုံသာ.. နောက်ပိုင်းမှာစာရင်းပင်သေချာမစစ်ချင်တော့ .. ပြောပြန်ရင်လည်း
"မင်းကငါ့ကိုလိမ်မယ့်သူမှမဟုတ်တာ လိမ်ရင်လည်းငါက‌မင်းကိုလိုက်သတ်မှာ"
ဟုပြန်ပြောတတ်သေးသည်။ သူသက်သာအောင် ကိုယ့်မှာတော့ ကုန်းရုံးလုပ်ရသည်။ ပိုဆိုးလာတာက အစည်းအဝေးလုပ်နေရင်းတောင် "JungKook မင်းသူတို့ပြောတာဘယ်လိုမြင်လဲ" လို့ထမေးကာ ကိုယ်ပြောလိုက်တာနဲ့ "အင်း..မင်းပြောတာကောင်းတယ် အဲ့လိုဘဲလုပ်လိုက်"ဟုဆိုကာ သူ့ဘာသာမစဥ်းစားတော့။

တိုးတတ်လာတာကတော့ TaeHyung ကသူ့ကို ၂ယောက်တည်းရှိချိန်မှာ CEO လို့မခေါ်ဘဲ Hyung လို့ခေါ်ခိုင်းပြီး JungKook အပေါ်ပွင့်ပွင့်လင်းလင်းနှင့်သူ့ရဲ့နဂိုပုံလေးအတိုင်းဆက်ဆံလာခြင်းဖြစ်သည်။ JungKookတစ်ယောက် သူ့ရဲ့ချစ်လှစွာသော Hyungလေးရဲ့အကြောင်းကို Jin Hyung ဆီမှအကုန်သိပြီးဖြစ်သည်။ TaeHyung ကအဖော်မက်ပြီး အရမ်းခင်တွယ်တတ်ကြောင်း ၊ ငယ်ငယ်တည်းကအဆိုးလေးဖြစ်ကြောင်းသိခဲ့ရသည်။

I Only Love YouWhere stories live. Discover now