Fifteen 🐯🐰💜

1.8K 140 4
                                    

Unicode

TaeHyung ဆိုဖာပေါ်မှာထိုင်ရင်း TV ကြည့်နေသည်။ JungKook ပန်းကန်ဆေးပြီးတော့ စတော်ဘယ်ရီသီးကိုရေခဲသေတ္တာထဲက ယူပြီး TaeHyungရှေ့မှာချကာ ဘေးတွင်ထိုင်လိုက်သည်။ စတော်ဘယ်ရီသီးကိုတွေ့တာနဲ့ TaeHyungဆိုဖာအောက်ကိုဆင်းထိုင်လိုက်ပြီး စားပွဲပေါ်မေးထောက်ရင်း စားတော့သည်။

"Hyung..ဆိုဖာပေါ်မှာထိုင်စားလေ..ဘာလို့အောက်ဆင်းတာလဲ"

"ဒီလိုနေတာပိုသက်တောင့်သက်သာရှိတယ်"

"အင်း Hyung သဘော.. ဒါနဲ့ Jin Hyung လည်းဘယ်တော့ပြန်လာမလဲ မသိဘူးနော်"

"တစ်ပတ်လောက်လို့‌တော့ ပြောတယ် သူ့မိဘတွေနှစ်ပတ်လည်မလို့သွားတာလေ နဲနဲကြာကြာနေမယ်ပြောတယ်"

"အင်း... ဒါနဲ့ Hyung ကျွန်တော်သွားရင် အသစ်ရောက်တဲ့ Secretaryနဲ့ အဆင်ပြေအောင်နေဦးနော်"

"ငါကပုံမှန်အတိုင်းနေတာ .. အသုံးမကျရင်တော့ပြောရမှာဘဲ"

"Hyung ကို Companyကလူတွေကဘယ်လိုခေါ်လဲသိလား"

"ဘယ်လိုလဲ မင်းသားလေးလို့ခေါ်ထားလား"

"မဟုတ်ပါဘူး လူ့ဂွစာလို့ခေါ်တာဗျ.. ရုပ်ကလေးကမင်းသားလေးလိုချောပေမယ့် မျက်နှာကြီးတင်းပြီး အလုပ်ကိစ္စနဲ့ပတ်သတ်ရင် ဘယ်တော့မှစိတ်တိုင်းမကျတဲ့ လူ့ဂွစာတဲ့"

"ဘာ.. သူတို့ဘာသာ အသုံးမကျတာကို ငါ့ကိုလာလွှဲချကြတာပဲ တွေ့ကြသေးတာပေါ့"

"ဟားဟား.. Hyung ကတော့..."

"ဒါနဲ့ Jungkook မင်းသဘောကျတဲ့လူရှိလား"

"ဘာလို့လဲ Hyung ရဲ့.. ရုတ်တရက်ကြီး"

"မေးတာသာဖြေ"

"ရှိတယ်.. "

"ဘယ်သူလဲ Suzan လား"

"ဟမ်.. မဟုတ်ပါဘူး.. သူ့ကိုဘာလို့ကြိုက်ရမှာလည်း"

"အဲ့ဒါဆို ဘယ်သူလဲ"

"နောက်မှပြောပြမယ်"

"မင်းကအမြဲနောက်မှဆိုတာကြီးဘဲ..."

"မင်းဖွင့်ပြောပြီးပြီလား သူ့ကို"

"မပြောရသေးဘူး.. ယုံကြည်ချက်မရှိလို့ ကျွန်တော့်ကိုကျွန်တော်.. ကျွန်တော့်လိုပုံကိုလည်း ဘယ်သူကကြိုက်မှာလဲ.. ဒါနဲ့ Hyung ကပဲမေးနေတာ.. ခု Hyungကိုပြန်မေးမယ် Hyungမှာရော သဘောကျတဲ့လူရှိလား"

I Only Love YouWhere stories live. Discover now