Unicode
JungKook ပြန်ရောက်တော့ Hyung ဝကစ်လေးက ပြေးကြိုသည်။
"Kook Kook ..."
"ဗျာ.."
"မောနေပြီလား.."
"ခု Hyungမျက်နှာလေးကိုမြင်လိုက်တော့ အမောပြေသွားပြီ"
"ဟီးး.."
"ကျွန်တော် ရေအရင်ချိုးလိုက်ဦးမယ် ပြီးရင်ညစာတူတူစားမယ်နော်"
ခုထိလည်း ၃လပြည့်ကိုမှတ်မိပုံမပေါ်တဲ့ JungKookကြောင့် TaeHyung ဘာမှပြောချင်စိတ်မရှိတော့...
"အဒေါ်.. ကျွန်တော်ညစာမစားတော့ဘူး.. နည်းနည်းပင်ပန်းနေလို့နားတော့မယ်"
အခန်းထဲဝင်ကာ အိပ်နေလိုက်သည်။ JungKook ရေချိုးခန်းထဲကထွက်လာတော့ ကုတင်ပေါ်မှာ စောင်ခေါင်းမြီးခြုံနဲ့ TaeHyungကိုတွေ့လိုက်ရသည်။
"Hyung ကတော့.. ကျွန်တော်မြန်မြန်ပြန်ဆင်းလာပါမယ်ဆို.."
"........"
"Hyung.. ထမင်းစားမယ်လေ.. Hyung... ဘာလို့လဲ.. နေမကောင်းဘူးလား"
".........."
"Hyung... ဒီစောင်ကြီးဖယ်ပါဦး.. "
TaeHyungက ဘာမှပြန်မပြောတဲ့အတွက် JungKookစောင်ကိုအတင်းဆွဲဖယ်လိုက်တော့ JungKook ကိုမော့ကြည့်လာတဲ့ TaeHyung...
"ဟင်..Hyung...ဘာလို့ငိုနေတာလဲ"
"ဘယ်သူကငိုနေလို့လဲ"
"အဲ့တာဆို ထမင်းသွားစားမယ်လေ..လာ"
"မစားဘူး.. မင်းဘာသာမင်းစား"
"တကယ်မစားဘူးပေါ့.."
"မစားဘူး"
"ပြီးရော ဒါဆိုကျွန်တော်သွားစားပြီနော်"
TaeHyungဘာမှပင်ပြန်မပြောနိုင်တော့.. သူငိုနေတာတွေ့တာတောင် JungKook ကထားခဲ့ပြီး တစ်ယောက်တည်းထမင်းသွားစားနိုင်သည်လေ။ TaeHyung အရမ်းဝမ်းနည်းသွားခဲ့သည်။ သူတကယ်ကိုမချစ်တော့ဘူးဘဲ...
"Happy 3rd Monthsary ပါ Hyung"
"ဟမ်.."
"ဘာလဲ.. မမှတ်မိဘူးထင်ပြီး ကြိတ်ဝမ်းနည်းနေတယ်ပေါ့.. ကျွန်တော့်ရဲ့ Hyungလေးက"
"မှတ်..မှတ်မိတယ်လား.."
"ဒါပေါ့.. မမှတ်မိစရာလား Hyungရယ်.. ကဲ ငိုနေတာကြည့်ဦး ကလေးလေးလားပြော"
YOU ARE READING
I Only Love You
Fanfiction💜TaeKook💜 💜NamJin💜 Tha language of this fic is Myanmar Language... Unicode + Zawgyi Mature Included❗ Warning Alert 🔞