Nine 🐰🐯💜

1.6K 149 5
                                    

Unicode

JungKook ရုံးရောက်တော့ CEO လေးအကြိုက်ဝယ်လာတဲ့ pancake လေးကိုတစ်ခါတည်းထည့်ပေးလိုက်သည်။ TaeHyung ရဲ့စားချင်တာစားရလို့ ပြုံးပျော်နေတဲ့ မျက်နှာလေးကိုအဝကြည့်ပြီး ပစ္စည်းတချို့ယူဖို့စတိုခန်းကို သွားခဲ့သည်။ ပစ္စည်းယူပြီးအပြန်မှာ ပစ္စည်းတွေမနိုင်မနင်းသယ်နေသောကောင်မလေးတစ်‌ယောက်ကိုတွေ့သဖြင့် JungKook ပစ္စည်းတစ်ချို့ကိုကူသယ်ပြီးလိုက်ပို့ပေးလိုက်သည်။ နေ့လည်စာစားချိန်ရောက်တော့ အတူစားရန်အတွက် TaeHyung ကိုသွားခေါ်တဲ့အခါမှာတော့...

"မင်းဘာသာသွားစားလိုက်တော့"

"ဘာလို့လဲ Hyung ရဲ့ ခုနကကန်တင်းမှာသွားကြည့်ပြီးပြီ Hyung ကြိုက်တဲ့ဟင်းနော်.. မစားဘူးလား"

".........."

"တကယ်မစားဘူးပေါ့.. အဲ့တာဆို ကျွန်တော်သွားစားတော့မှာနော် ပြီးတော့ ဒီနေ့ Jin Hyung ကလည်းဆိုင်မဖွင့်ဘူးနော်"

"ခဏစောင့်..."

JungKook ရဲ့မျက်နှာချင်းဆိုင်ခုံမှ မျက်နှာကြီးတင်းကာစားနေသော CEO ကြောင့် ကန်တင်းတစ်ခုလုံးအသံမထွက်ရဲ။ TaeHyung ကရုံးခန်းထဲမှာစားတာများပေမယ့် တစ်ခါတစ်ရံကန်တင်းမှာလည်းစားတတ်သည်။ ဒါပေမယ့်အရင်ကနဲ့မတူဘဲ ဆူတင်းနေတဲ့ရုပ်ကြောင့် ဝန်ထမ်းများအသံမထွက်ရဲခြင်းဖြစ်သည်။

စားပြီးလို့ရုံးခန်းထဲပြန်ရောက်တဲ့ အခါမှာတော့ JungKook မနေနိုင်တော့ပါ...

"Hyung ဘာမကျေနပ်တာရှိလို့လဲ မနက်က ဟိုဘက် Companyနဲ့ဆွေးနွေးတာအဆင်မပြေလို့လား"

"မဟုတ်ဘူး ဘာမှမဖြစ်ဘူး.. အခုနှစ်ကုန်တော့မယ်ဆိုတော့ Companyနဲ့ စက်ရုံ၂ခုရဲ့ နှစ်ချုပ်စာရင်းတွေလိုချင်တယ်.. ဂျယ်ဂျူက hotel ရောဘဲ ဒီနေ့ညနေရအောင်လုပ်"

"ဟမ် Hyung.. အဲ့တာက ဌာနမှူးတွေကလည်းမပေးသေးဘူးလေ"

"အဲ့တော့ တောင်းလေ .. မင်းဘယ်လိုဖြစ်တာလဲ JungKookအရင်ဆို ငါပြောရင်ချက်ချင်းရတယ်လေ.. အလုပ်တွေလှည့်ကြည့်စရာမလိုဘူးလေ.. ခုဘယ်လိုဖြစ်တာလဲ"

"Hyung ရယ် နှစ်ချုပ်စာရင်းက နောက်လမှ deadlineပေးထားတာလေ တခြားအလုပ်ကတခြားလေ.. ဒါကမဖြစ်နိုင်တာကြီးလေ.. သူတို့မပေးသေးတာကျွန်တော် ဘယ်လိုရအောင်လုပ်ပေးရမလဲဗျ"

I Only Love YouWhere stories live. Discover now