Thirteen 🐯🐰💜

1.6K 133 2
                                    

Unicode

မေမေပြန်သွားပြီဖြစ်လို့ TaeHyung Company ကိုလာခဲ့သည်။ ရုံးခန်းထဲမဝင်ခင် အခန်းရှေ့မှာတွေ့လိုက်ရသော အုန်းသီးလုံးကြောင့် TaeHyung ပြုံးမိသွားသည်။ ထိုအုန်းသီးကို သူတစ်ပတ်လုံးသတိရနေခဲ့သည် မဟုတ်လား....
TaeHyungတစ်ယောက် သူ Company မလာသည့် တစ်ပတ်အတွင်း JungKook ကိုလည်း Companyကိုမသွားခိုင်းခဲ့ပါ။ အကြောင်းမှာတော့ Suzan ဆိုသောမိန်းကလေးလာကပ်နေမှာစိုးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ..
"JungKook မင်းကငါ့ Secretaryဆိုတော့ ငါမရှိရင်လာဖို့မလိုဘူး.. အိမ်ကနေဘဲ အလုပ်လုပ်လိုက်" ဟုပြောခဲ့ခြင်းဖြစ်သည်။

ထိုငတုံးအုန်းသီးကတော့ မတွေ့ရတဲ့တစ်ပတ်အတွင်း ကိုယ့်ကိုသတိရရဲ့လားတောင်မသိ.. ကိုယ့်မှာတော့ သူ့ကို‌တော်တော်လွမ်းနေခဲ့ရသည်။

ထို့နောက် TaeHyung တစ်ယောက် JungKook ကို ဘယ်လိုဖွင့်ပြောရမလဲ စဉ်းစားနေတော့သည်။ ပြောရရင် TaeHyung ကိုယ်တိုင်လည်း JungKook ကိုဘယ်လိုချစ်မိသွားလဲမသိပါ။ ဘာကြောင့်ချစ်မိမှန်းလဲမသိ။ သိတာက JungKook ဂရုစိုက်တာကို သူတစ်ယောက်ထဲပဲ ခံချင်သည်။ JungKook ကိုတခြားသူလာကပ်တာကို လုံးဝမကြိုက်ပါ။ JungKook ကိုမတွေ့ရရင်လွမ်းသည်။ ထိုမျက်မှန်နဲ့ပုံတုံးတုံးလေးကိုဘဲကြည့်ရင်း အနားမှာထားကာ နေချင်သည်။ အဲ့ဒါတွေက JungKook ရဲ့ဂရုစိုက်မှုတွေကြောင့်လား၊ အလိုလိုက်မှုတွေကြောင့်လား၊ JungKook ကိုအားကိုးယုံကြည်မိခြင်းကြောင့်လား မသိပါ။ သူသိတာကတော့ JungKook ကအမြဲသူ့အနားမှာရှိ‌နေမှဖြစ်တော့မည် ဟူ၍သာဖြစ်သည်။

"CEO .."

"CEO"

"Hyung ရေ... ဘာတွေတွေးနေတာလဲ.. ခေါ်တာလည်းမကြားဘူး"

"အော်...အင်း JungKook ပြော.. ငါအတွေးလွန်သွားလို့"

"အသစ်လုပ်မယ့် projectအတွက်လေ ခဏနေရင် ဧည့်သည်လာမယ်နော်"

"အင်း"

"ပြီးတော့ ဒီဟာက ဂျယ်ဂျူဘက်ကemail ပို့ထားတာလေး တစ်ချက်ကြည့်ပေးပါဦး"

"အင်း.. ဟုတ်ပါပြီ အဲ့တာတွေ ခဏထားပါဦး မင်း Company မလာဖြစ်တဲ့ရက်တွေဘာလုပ်လဲ"

I Only Love YouWhere stories live. Discover now