Eighteen 🐯🐰💜

2K 134 2
                                    

Unicode

မနက်မိုးလင်းတော့ JungKook အရင်နိုးလာပြီး ရင်ခွင်ထဲကိုကြည့်‌တော့အိပ်မောကျနေသော Hyungပေါက်စလေး... အလွန်ချစ်စရာကောင်းသော ထိုကောင်လေးကို ရုတ်တရက်ပိုင်ဆိုင်လိုက်ရခြင်းအား JungKook မယုံကြည်နိုင်သေးပါ။ သူအလွန်ချစ်ရသော ထိုလူသားလေးကလည်း သူ့ကိုချစ်နေတာတဲ့လား... ညကကိစ္စကိုတွေးရင်းပြုံးလိုက်မိသည်။ သူ့ကိုရအောင်ယူမလို့ဆိုပဲ.. ဘယ်လိုဟာလေးမှန်းကိုမသိ.. နိုးလာရင်ဘယ်လိုတွေဖြစ်မလဲမသိသေး..
'ဟူးး ဒီ Hyung လေးနဲ့ကတော့ ရင်မောတယ်...'

TaeHyungနိုးလာတော့ တစ်ကိုယ်လုံးနာကျင်နေသည်။ ဘေးကိုကြည့်လိုက်တော့လည်း JungKook ရှိမနေ .. ခဏကြာစောင့်ပြီးတဲ့အထိ JungKook ရဲ့အသံမကြားရ... TaeHyung ကိုယ့်ဘာသာထဖို့ကြိုးစားလိုက်တော့ ထိုင်ဖို့တောင်မနည်းအားယူရသည်။

"အော်.. ငါ့ကိုလုပ်ချင်တိုင်းလုပ်ပြီး ငါ့ကိုထားခဲ့တယ်ပေါ့ Jeon JungKook.. ငါကမင်းကိုလက်စားပြန်ချေပစ်... အာ့"

ပြောရင်းရုတ်တရက်မတ်တပ်ရပ်လိုက်တော့ ပုံခနဲလဲကျသွားတဲ့ TaeHyung....

"Hyung... ဘာလို့ထတာလဲ ကျွန်တော့်ကိုမစောင့်ဘူး ဟမ်"

"....."

"Hyung ထနိုင်.. ဟမ် ဘာလို့ငိုနေတာလဲ.. Hyung ကျွန်တော့်ကိုကြည့်ပါဦး... ဘာဖြစ်လို့လည်း.. ဟင် Hyung"

"ဘာလို့ပြန်လာတာလဲ သွားလေ.. ငါစောင့်နေတာကြာလှပြီကို ခုမှလာမနေနဲ့တော့"

"အော် ဘာများလဲလို့ Hyung ရယ် လန့်သွားတာဘဲ... ကျွန်တော်က ကျွန်တော့် Hyungလေးနိုးလာရင်ဗိုက်ဆာနေမှာစိုးလို့ Hyungအကြိုက် စတော်ဘယ်ရီနဲ့ ပန်ကိတ်သွားဝယ်နေတာပါဗျ.. စိတ်မဆိုးပါနဲ့ နော်"

မျက်ရည်လေးတွေကိုဖွဖွလေးသုတ်ပေးကာ ရှင်းပြတော့ ခေါင်းငြိမ့်ပြတဲ့ JungKook အသည်းလေးရယ်ပါ...
TaeHyungကိုပွေ့ချီလိုက်ပြီး JungKook အသာလေး ကုတင်ပေါ်တင်ပေးလိုက်သည်။

"Hyung ဘာလို့ထတာလဲ.. ကျွန်တော့်ကိုစောင့်ရောပေါ့"

"ငါ.. ငါရေချိုးချင်လို့"

"ကျွန်တော်ချိုးပေးရမလား"

"Jeon JungKook..."

"အာ....မဟုတ်ပါဘူး.. ကျွန်တော်က Hyung နာနေလို့ပြောတာ.. ခဏစောင့်နော်ရေနွေးသွားစပ်ပေးမယ်"

I Only Love YouWhere stories live. Discover now