Thirty Three🐰🐯💜

1.3K 92 4
                                    

Unicode

Seok Jin တစ်ယောက် အကို့အိမ်မှာနေတာ ၂လပြည့်တော့မည်။
အခုဆို Seok Jin ဆိုင်တစ်ဆိုင်မှာ အလုပ်သင်စာဖိုမှူးအဖြစ်လုပ်နေသည်။ အကို Nam Joon ကအလုပ်မလုပ်ဘဲ စာဖိုမှူးသင်တန်းတတ်ခိုင်းသော်လည်း Seok Jin အဲ့လောက်ထိအခွင့်အရေးမယူချင်ပါ။

ဒီနေ့ Seok Jin အလုပ်ဆင်းတော့ ဈေးဝယ်လာကာ အကိုကြိုက်တာများကို ချက်ကျွေးဖို့အတွက်ပြင်ဆင်နေသည်။ ထိုအချိန်မှာပဲ လူခေါ်ဘဲလ်မြည်လာသည်။

'ဟမ်.. အကိုပြန်လာတာလား..'

'မဟုတ်သေးပါဘူး.. အကိုဆို သူ့ဘာသာဖွင့်ဝင်လာနေကြပဲကို.. အခုကဧည့်သည်များလား..'

Seok Jinအတွေးတွေကိုရပ်လိုက်ရင်း တံခါးဖွင့်လိုက်တော့ လှပတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

"ဟုတ်ကဲ့.. ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ"

"ဒါ Nam Joon Oppa ရဲ့အိမ်မဟုတ်ဘူးလား..?"

"အော်..ဟုတ်ပါတယ်.. သူကအခုကျောင်းသွားနေပါတယ်"

"ဟုတ်လား.. ဒါဆိုလဲ သူပြန်လာတဲ့အထိစောင့်မယ်လေ.. အိမ်ထဲဝင်မယ်နော်.."

ထိုကောင်မလေးက ပြောနေရင်းနဲ့ဘဲ အိမ်ထဲဝင်သွားသောကြောင့် Nam Joon စီသို့ SeokJin messageပို့လိုက်သည်။

"ဒါနဲ့ရှင်ကဘယ်သူလဲ.."

"ကျွန်တော်က ဒီမှာအလုပ်လုပ်တဲ့သူပါ"

"အော် အိမ်အကူပေါ့.. ကောင်းပါတယ် အိမ်အကူကယောက်ျားလေးဆိုတော့ ကျွန်မစိတ်ချရတာပေါ့.."

SeokJin မျက်နှာပျက်သွားမိပေမယ့် သူမကို ဘာမှပြန်မပြောဖြစ်ခဲ့ပါ။ ပြောရရင် သူမပြောတာလည်းမှားမှမမှားဘဲ...

"‌ဟုတ်ကဲ့.. ဒါဆို ကျွန်တော်ဟင်းချက်စရာရှိလို့ သွားလိုက်ပါဦးမယ်.."

ထို့နောက်မကြာခင်ပဲ Nam Joonပြန်ရောက်လာသည်။ ဝင်ဝင်လာချင်း Nam Joon ကိုတွေ့တာနဲ့ ပြေးဖက်လိုက်တဲ့ ထိုကောင်မလေး..

"NaYoung.. ဘယ်လိုလုပ်ဒီကို.."

"Nam Joon Oppa ကိုအရမ်းလွမ်းလို့လေ ကျောင်းပြီးတာနဲ့လိုက်လာခဲ့တာ"

"အော်.. အဲ့တော့..."

"Oppa နဲ့တူတူနေလို့ရမလား.."

I Only Love YouWhere stories live. Discover now