Twenty Five 🐯🐰💜

1.8K 122 16
                                    

Unicode

မိဘချင်းတိုင်ပင်၍ TaeHyung နဲ့ JungKook မင်္ဂလာဆောင်ကိုတစ်ပတ်အတွင်းကျင်းပရန်စီစဉ်ထားကြသည်။ JungKook နဲ့မိသားစုက မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ချင်သော်လည်း TaeHyung ကလူနည်းစုနဲ့ပဲ အကျဉ်းချုံးလုပ်ချင်တယ်ဆိုသောကြောင့် မိသားစုနဲ့ အရင်းနှီးဆုံးမိတ်ဆွေအချို့နှင့်သာ ကျင်းပရန်စီစဉ်ထားသည်။

"Kook ...."

"ဗျာ Hyung"

"Jin Hyungကဖုန်းဆက်လို့လဲမရ ဆိုင်လဲပိတ်ထားတယ်.. ဘာဖြစ်တာလဲမသိဘူး.. တစ်ခုခုများဖြစ်နေမလား"

"Jin Hyungမှာကျွန်တော်တို့ကို ဆက်သွယ်ဖို့နံပါတ်တွေရော လိပ်စာရောရှိတယ်လေ Hyungရဲ့၊ တစ်ခုခုဆိုဆက်သွယ်မှာပေါ့.. သူကိစ္စတစ်ခုခုရှိလို့ဖြစ်မှာပါ။"

"အင်းပါ ၊ မင်္ဂလာပွဲမှာ Jin Hyung ကိုရှိစေချင်တာကို"

"အမလေး.. ကျွန်တော့် Hyungလေး..နှုတ်ခမ်းလေးမဆူလိုက်ပါနဲ့.. ကျွန်တော်ရအောင်ကြိုးစားဆက်သွယ်ကြည့်မယ်နော်"

"အွန်း..."

---------

မင်္ဂလာပွဲမရောက်မှီ တစ်ရက်အလို...

"မေမေ Hyungကိုခုထိဆက်သွယ်မရဘူးလား"

"အေးသားရယ် မင်းအကိုဆိုတာလည်း Companyကို မင်းဆီအပ်ပြီး အနားယူမယ်ဆိုပြီးထွက်သွားလိုက်တာ ဘယ်လိုက်ရှာရမှန်းကိုမသိဘူး.. အဆက်သွယ်တော့လုပ်ရမှာပေါ့မိသားစုကိုတော့"

"အင်း မေမေရယ် သားလည်းစာတော့ပို့ထားတယ်"

JungKook အမေနဲ့စကားပြောပြီး အခန်းကိုပြန်လာတော့ ရုပ်ရှင်ကြည့်ရင်း မုန့်စားနေတဲ့ Hyungပိစိလေး.. အနားသွားပြီးပေါင်ပေါ်ကိုခေါင်းအုံးလိုက်တော့ နှဖူးကိုငုံ့နမ်းလိုက်တဲ့ TaeHyung... အနမ်းကြောင့်စိတ်ထဲမှာ ကြည်နူးသွားရုံရှိသေး နှဖူးကတစ်မျိုးကြီးခံစားရလို့ပွတ်ကြည့်လိုက်တော့ ဆီကွက်.. JungKookအမြန် TaeHyungကိုမော့ကြည့်လိုက်တော့ ကြက်ကြော်ကိုအားရပါးရကိုက်စားနေသည်.. ပါးစပ်တစ်ဝိုက်မှာလည်းဆီကအကွက်လိုက်..

"အား.. Hyung ဆီတွေနဲ့လာနမ်းတယ်"

"ဟမ် ပေသွားတာလား.. ဟီးဟီး ဆောတီးပါ"

I Only Love YouWhere stories live. Discover now