Fourty Seven 🐰🐯💜

1.1K 83 4
                                    

Unicode

T&K မှဝန်ထမ်းများ ဒီနေ့အခြေအနေမကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ရဲ့ CEO Jeon JungKook မှာ ဘာကြောင့်မှန်းမသိ စိတ်တိုနေသောကြောင့်ဖြစ်သည်။

"ဒါ မင်းတို့လုပ်ထားတာပေါ့ ဟုတ်လား စုတ်ပြတ်နေတာပဲ.. ဒီလိုအရည်အချင်းနဲ့ ငါ့ Company ကိုဘယ်လိုဝင်ခဲ့တာလဲ ဟမ်.. ဒီနေ့ ဒီဖိုင်ကိုငါစိတ်တိုင်းမကျမချင်း မင်းတို့ဌာနတစ်ခုလုံး အလုပ်ဆင်းဖို့မစဉ်းစားနဲ့"

ညီဖြစ်သူဆီလာချိန် တံခါးဖွင့်ဖွင့်ချင်း ကြားလိုက်ရတဲ့ ချစ်ရတဲ့ညီလေးရဲ့အော်သံကြောင့် NamJoon ရုတ်တရက်လန့်‌တောင်သွားသည်။ Nam Joon ဝင်လာတော့မှ JungKookက လူတစ်စုကိုထွက်သွားခိုင်းလိုက်သည်။

"Jungkook ဘာတွေဖြစ်နေတာလဲ"

"အာရုံတွေနောက်နေလို့ စိတ်မကြည်ဘူးဗျာ"

"ငါတို့သွားသောက်ကြမလား ငါလည်းပြောစရာရှိတယ်"

အဲ့လိုနဲ့ပဲ Jungkook, NamJoon နဲ့ Ben တို့ ၃ယောက်ဟာ bar သို့ရောက်ခဲ့လေသည်။ Ben ကတော့ထူးဆန်းစွာ Jungkookနဲ့ NamJoonကိုကြည့်နေသည်။ သူ့ Boss ၂ယောက်က သူ့ကိုဘာအတွက်ကြောင့်ခေါ်လာမှန်းသူမသိ... ထိုအချိန်မှာဘဲ Nam Joonကအရက်ခွက်ကိုကိုင်ရင်း စကားစပြောတော့သည်။

NJ: "JungKook ငါ Jin ကို Instagramဆိုတဲ့ဟာမသုံးအောင် ဘယ်လိုလုပ်ရမလဲ"

JK: "Hyung ရယ် အဲ့နည်းလမ်းကိုသိရင် ကျွန်တော်ခုလိုတောင်စိတ်ရှုပ်ခံမနေဘူး Tae က သားလေးမွေးပြီးတော့ပုံသိပ်မတင်တော့လို့ စိတ်ချမ်းသာနေတာ... ခုသားလေး ၂နှစ်ပြည့်ပြီးထဲက ပြန်တင်တာ.. သားလေးနဲ့ပါဆင်တူဝတ်ပြီးရိုက်တင်နေတာဗျ"

NJ: "Ben မင်းရောသိလား"

B: "ကျွန်တော်လည်းမသိဘူးလေ ကျွန်တော်က အဲ့တာတွေတောင်မသုံးတတ်ပါဘူး"

JK: "ဟူးးးး..."

B: "ဒါနဲ့ Boss တို့ကဘာအခက်ခဲဖြစ်နေလို့လဲ ကျွန်တော်သိလို့ရရင်ပြောပြပါလား ကူစဉ်းစားပေးလို့ရတာပေါ့"

NJ: "ဒီမှာကြည့်ကွာ.."

B: "ဒါ.. ဒါက Bossရဲ့အမျိုးသားမလား.. caption က
'ဟင်းချက်တော်တဲ့ နတ်သားလေးရေ ကျွန်မရဲ့အိမ်ထောင်ဦးစီးသာဖြစ်လိုက်ပါတော့လား'
ဟမ် ဘယ်သူတင်ထားတာလဲ "

I Only Love YouWhere stories live. Discover now