Four 🐰🐯💜

1.9K 160 3
                                    

Unicode

TaeHyung Dinner ပြီးလို့ အိမ်ရောက်တာနဲ့ necktie ကိုဆွဲဖြုတ်ကာ အကျီချွတ်ပြီး ရေချိုးခန်းထဲတန်းဝင်လိုက်သည်။ အလွန်စိတ်ကျဉ်းကြပ်ပြီး စိတ်ရှုပ်သော်လည်း တစ်ဦးတည်းသောသားမလို့ Companyကိုကိုယ်ဘဲ ဦးစီးရမည် ဟုမေမေကပြောသည်။ မေမေပြောတာလည်းမမှား‌တော့ မမှားပါ။ TaeHyung အလုပ်လုပ်ရတာမကြိုက်ဘူးဆိုပေမယ့် Company အလုပ်‌ကိုတော့သေချာလုပ်ပါသည်။ ဒီ Company တစ်ခုခုဖြစ်ရင် မေမေက ဘာမှထပ်မပေးဘူးအမွေဖြတ်ဆိုတော့လည်း တစ်ခုတည်းသောအလုပ်‌လေးကိုကြိုးစားရသည်။ Company သွားပြန်ရင်လည်း လူလေးစားအောင် CEO တစ်ယောက်လို တည်တည်ကြည်ကြည်စတိုင်ကဖမ်းထားရသေးတယ်။ အထက်လူကြီးက ကလေးဆန်နေလို့လည်းမဖြစ်သေးဘူးမလား။ အတွေးတွေကိုရပ်တန့်ကာ မနက်စောစော ဂျယ်ဂျူကိုသွားရမှာမို့ TaeHyung စောစောနားလိုက်သည်။

TaeHyung တစ်ယောက်မနက်စောစောထကာ ဂျယ်ဂျူကိုသွားပြီး ရောက်တာနဲ့ projectကိစ္စတွေတန်းဆွေးနွေးနေရတာကြောင့် ညနေလောက်မှနားရတော့တယ်။

"အားးး... ပင်ပန်းလိုက်တာ.. jungkookရေမင်းလည်းနားတော့လေ"

"ဟုတ်ကဲ့.."

JungKook အခန်းက TaeHyung၏ဘေးခန်းဖြစ်သည်။အခန်းကsea view ဖြစ်တာကြောင့် ပင်လယ်ပြင်ကြီးကိုကြည့်ကာ အမောဖြေလိုက်သည်။ ထို့နောက်မနက်ဖြန်အတွက် Scheduleကိုကြည့်နေရင်း တစ်စုံတစ်ခုကိုသတိရ၍ Jungkookတစ်ယောက် Hotel Receptionအားဖုန်းဆက်လိုက်ပြီးနောက် ရေချိုးဖို့ပြင်လိုက်‌သည်။

TaeHyung ရေမိုးချိုးပြီးလို့ တစ်ရေးတစ်မောအိပ်ဖို့ပြင်နေစဉ် တံခါးခေါက်သံကြားသဖြင့် သွားဖွင့်လိုက်သည်။

"လူကြီးမင်းအတွက် စတော်ဘယ်ရီဖျော်ရည်ပါ"

"ငါမမှာထားမိဘူး အခန်းမှားတာဖြစ်မယ်"

"ဟုတ်ကဲ့ မမှားပါဘူးဗျ ဘေးခန်းကလူကြီးမင်းက ဒီကလူကြီးမင်းအတွက်မှာပေးတာပါဗျ"

"အော်.. အေးအေး"

TaeHyung လတ်ဆတ်လှသောစတော်ဘယ်ရီဖျော်ရည်လေးကိုသောက်ရင်း ကျေနပ်နေမိသည်။

"အင်း..ပင်ပန်းတာတောင်နဲနဲပျောက်သွားသလိုဘဲ အရသာရှိလိုက်တာနော်"

I Only Love YouWhere stories live. Discover now