Thirty Nine🐰🐯💜

1.3K 90 0
                                    

Unicode

ဒီနေ့ရုံးပိတ်ရက်ဖြစ်သောကြောင့် JungKook အတွက် Tae Hyung မုန့်လုပ်ပေးရင်း ခြံထဲမှာထိုင်ကာ‌နေပူဆာလှုံနေတဲ့ သူကိုကြည့်နေမိသည်။ မနက်ကတည်းက JungKook မျက်နှာသိပ်မကောင်း.. ခဏကြာတော့ Tae Hyungက JungKookကြိုက်တဲ့ banana milkနဲ့ ပီဇာကိုယူကာ ခြံထဲကိုဆင်းလိုက်သည်။

"Hyung... ဘာတွေသယ်လာတာလဲ.. ကျွန်တော့်ကိုခေါ်လိုက်တာမဟုတ်ဘူး"

"ဘာမှမဖြစ်ပါဘူးKook kookရဲ့.. ဒါနဲ့..ဘာစိတ်ညစ်စရာရှိနေလဲ.. မျက်နှာလည်းမကောင်းဘူး"

"Hyung...."

"အင်း ဘာလို့လဲ.. Hyungကိုပြောပြ"

"Hyung social media သုံးတာ ကျွန်တော်တောင်မသိဘူး"

"အော်အဲ့ဒါက ဒီတိုင်းပါ.. companyလည်းမသွားရတော့ဘူးဆိုတော့ ပျင်းနေရောလေ.. အဲ့မှာ Jin Hyungဆီသွားရင်း သူကပုံလေးတွေတင်နေတာနဲ့ Hyungလည်းလိုက်သုံးကြည့်လိုက်တာ"

"အော်.. Jin Hyung ပြောတော့ fan club တောင်ရှိတယ်ဆို.."

"Kook Kookရဲ့ Hyungကချောတယ်မလား.. အဲ့တော့ပုံတင်ရင် like အများကြီးရတယ်လေ ဟီး.. အဲ့တာကို Jin Hyungက နည်းနည်းပိုပြောနေတာပါ.."

"အင်း...."

"Kook Kook မရှိတဲ့ချိန်ဆို Instagramလေးသုံးပြီး Kook Kookကိုစောင့်နေတာလေ.. အဲ့က လိုချင်တဲ့ပစ္စည်းလေးတွေ‌တွေ့ရင်လည်းမှာလို့ရတာကို... Kook Kookမကြိုက်ရင်လည်း မသုံးတော့ပါဘူး.."

"ကျွန်တော့်ပေါင်‌ပေါ်ကို လာထိုင်ပြီး သေချာပြောပြ.."

"Kook Kook.. Instagramသုံးတာမကြိုက်လို့လားလို့... ဟင်"

JungKook လည်ပင်းကိုဖက်လိုက်ရင်း ပေါင်ပေါ်မှာဝင်ထိုင်ကာ ပါးကိုပါနမ်းပြီး ပြောလိုက်တဲ့ Tae Hyung...

"ဟင့်အင်း.... Hyungသဘောပါ.. Hyung ကျေနပ်ရင်ပြီးတာဘဲ.."

"ဟီး.. အဲ့တာမို့ Kook Kookကိုအရမ်းချစ်နေရတာ.. သိလား"

"ဒါပေမယ့် ကျွန်တော့်ကိုလည်း အကောင့်ဖွင့်ပေးရမယ်"

"Kook Kookပါသုံးမလို့လား"

"အင်း.. ကြည့်ကြည့်မလို့ဒီတိုင်း"

"အင်းပါ.. အင်းပါ"

I Only Love YouWhere stories live. Discover now