Thirty Six🐰🐯💜

1.4K 96 10
                                    

Unicode

အခန်းထဲကိုရောက်တော့ Seok Jin ကို ကုတင်ပေါ်မှာချကာ Nam Joonရေအရင်ချိုးလိုက်သည်။ ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ Seok Jin..

"Jinnie..အမူးပြေပြီလား"

"အကို..ဒီကိုလာ.."

"ဟမ်..."

"ဒီကိုလာလို့.."

"ကိုယ်အင်္ကျီ..."

"မဝတ်နဲ့ ဒီကိုလာပါဆို Jeon Nam Joon.."

"အင်း.. ကိုယ်လာမယ်"

Nam Joonကုတင်ပေါ်တက်လာတာနဲ့ ရင်ခွင်ထဲတိုးဝင်လာတဲ့ Seok Jin ကြောင့် Nam Joonရုတ်တရက် အံ့ဩသွားသည်။

"အင်း.. ကျွန်တော်က အကို့ကိုခုလိုအိမ်မက်ထဲမှာပဲ ဖက်နိုင်ပေမယ့်.. NaYoung ကအကို့ကိုအပြင်မှာဖက်ထားမှာမလား"

"ဟမ်.. Jinnie ဘာတွေပြော.. အွန့်"

ပြောပြီးတာနဲ့ NamJoon နှုတ်ခမ်းကိုနမ်းလိုက်တဲ့ Seok Jin.. Nam Joon အံ့ဩနေချိန်မှာပဲ Seok Jinက နမ်းနေတာကိုရပ်လိုက်ပြီး Nam Joon ဗိုက်‌ကိုပွတ်လိုက်သည်။

"အကို့မှာကျကြည့်ပါဦး.. ကြွက်သားတွေနဲ့ ကျွန်တော့်ကိုကျကြည့်ဦး အသားကပျော့စိပျော့စိနဲ့ အကို့လိုမတောင့်နေဘူး"

ပြောလည်းပြောရင်း သူ့အင်္ကျီတွေကိုပါ လှန်ပြနေတဲ့ Seok Jin ကြောင့် Nam Joon ရူးတော့မလိုခံစားလာရသည်။

"Jinnie.. အိပ်ရအောင်လေ.. ပေါက်ကရတွေမလုပ်နဲ့တော့"

Nam Joon ပြောပြီး အသံထွက်မလာလို့ငုံ့ကြည့်တော့မှ ငိုနေတဲ့ Seok Jin..

"Jinnie.. ဘာလို့ငိုတာလဲ"

"အကိုက..ရက်စက်တယ်"

NamJoon ကြည့်လိုက်တော့ ငိုနေတဲ့အမူးသမားလေးရဲ့ မျက်နှာလှလှလေးကိုတွေ့လိုက်ရသည်။ အရက်ရှိန်ကြောင့်ရော ငိုနေတာကြောင့်ပါ SeokJin ရဲ့မျက်လုံးအောက်လေးကဖောင်းနေပြီး နှာထိပ်လေးတွေကပါ ရဲနေသည်။ ထိုမျက်နှာလေးနဲ့ အရက်မူးသမားလေးကိုမြင်တော့ Nam Joon စချင်လာသည်။ ပြီးတော့မေးစရာရှိတာမေးရမည်။ လူတွေကအရက်မူးနေရင်အမှန်ပြောတတ်ကြတယ်မလား..

"ဘာကိုရက်စက်တာလဲ.. ကိုယ်က"

"ကျွန်တော်က အကို့ကိုအရမ်းချစ်တာ.. အတိတ်ကိုသတိရတာတောင် အကို့ကိုမပြောခဲ့ဘူး.. အကိုမောင်းထုတ်မှာစိုးလို့လေ.. အကိုကတော့ NaYoungဖွင့်ပြောတာကိုလက်ခံခဲ့တယ်မလား"

I Only Love YouWhere stories live. Discover now