Thirty 🐯🐰💜

1.5K 113 4
                                    

Unicode

TaeHyung ကလေးမလိုချင်ဘူးစပြောတုန်းကဆို JungKook အလွန်အံ့ဩပြီး ဒေါသထွက်ခဲ့သည်။ သို့သော် သူချစ်သော Hyungလေးက သူများကလေးတွေ ၊ တရိစ္ဆာန်လေးတွေကိုတောင် အရမ်းချစ်တာ သူ့ကလေးလေးကို သူမလိုချင်ဘူးဆိုသည်က မဖြစ်နိုင်ပါ။ ထို့ကြောင့်ဒေါသကိုထိန်းလိုက်ကာ ချော့မော့လိုက်တော့ အဆင်ပြေသွားခဲ့သည်။ TaeHyung အဲ့လိုပြောပြီး နောက်နေ့မှာ TaeHyung အမေဆီ JungKook ဖုန်း‌ဆက်ခဲ့ပြီး မိသားစုဆရာဝန်နဲ့လည်းတိုင်ပင်ခဲ့သည်။ ဆရာဝန်ကို TaeHyungနဲ့ပတ်သက်ပြီးပြောပြဖြစ်တော့..

"ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ စိတ်ကျတာမျိုး၊အားငယ်တာမျိုးတွေဖြစ်တတ်ပြီး စိတ်ဆတ်တတ်တာမျိုးလည်း ဖြစ်တတ်တယ်.. ပြီးတော့ သူကပုံမှန်မဟုတ်ဘဲ ယောက်ျားလေးကိုယ်ဝန်ဆောင်မလား.. အဲ့တော့ ကိုယ်ခန္ဓာကပြောင်းလဲလာတာကိုလည်း ချက်ချင်းလက်ခံဖို့ခက်ခဲနေတာမျိုး ရှိနိုင်တယ်.. အရေးကြီးတာက စိတ်အားငယ်တာမျိုးကနေပြီး depression ဝင်တာမျိုးတွေပါဖြစ်လာနိုင်လို့ ဂရုစိုက်ပေးဖို့လိုပါတယ်"

JungKookအ‌တွက် TaeHyungကအရေးကြီးဆုံးဖြစ်တာမို့ အရမ်းအရေးကြီးတဲ့အလုပ်မဟုတ်ပါက Ben ကိုသာလွှဲထားလိုက်ပြီး TaeHyung အနားမှာပဲတတ်နိုင်သလောက်နေကာ ဂရုစိုက်ပေးသည်။ အခုဆို ဗိုက်ကလေးက ၇လကျော်ကျော်ပင်ရှိနေလေပြီ။

ဒီနေ့တော့ အရေးကြီးဧည့်သည်နဲ့တွေ့စရာရှိတာကြောင့် Companyကိုလာခဲ့ပြီးညကျရင် TaeHyungနဲ့တူတူဟန်မြစ်ကိုလေညှင်းခံသွားရန်စီစဉ်ထားသည်။

JungKook အလုပ်ကိစ္စပြီးလို့ အိမ်ပြန်လာတဲ့အချိန်မှာဘဲ unknown call တစ်ခုဝင်လာသည်။

"ဟယ်လို.."

"JungKook.. Hyung ပါ.."

"Joon Hyung..?"

------------

"Kook Kook.."

အလုပ်ကပြန်လာတာကို ပြေးကြိုသော ဗိုက်ကြီးသည်လေးကြောင့် JungKook တစ်ယောက် အမောမပြေဘဲ အမောဆို့သွားတော့သည်။

"Hyung.. အရမ်းမပြေးရဘူးလေ..ချော်လဲမယ်"

"မလဲပါဘူး..ဟီး.."

"ဒါနဲ့အချစ်လေး.. ဟန်မြစ်ကိုနောက်နေ့မှသွားရအောင်.. Joon Hyungက ရုတ်တရက်ဆက်သွယ်လာပြီး ဒီနေ့ညအိမ်ကိုလာပါတဲ့လေ.. ကျွန်တော့်ယောင်္ကျားလေးပါခေါ်ခဲ့ပါတဲ့"

I Only Love YouWhere stories live. Discover now