Thirty Five 🐰🐯💜

1.3K 90 8
                                    

Unicode

Seok Jin ကို Nam Joon စကားမပြောတာ ၂ရက်ရှိပြီ.. အရင်ဆို သူတစ်ခုခုကိုစိတ်တိုပါက ချက်ချင်းလာချော့တတ်သောကောင်လေးက အခုသူ့ကိုအဖတ်မလုပ်..

"သူဘာဖြစ်နေတာလဲ.."

"Hey.. bro ဘာတွေတိုးတိုးတိုးတိုးပြောနေတာလဲ"

"အာ.. Jackson.. မင်းဘယ်တုန်းကရောက်"

"ခုနကလေ.. မင်းကိုခုနထဲကကြည့်နေတာ.. ဘာဖြစ်နေတာလဲ.. ညီလေးနဲ့ မအိုကေဘူးလား..."

"ဘယ်ကညီလေးလဲ..."

"Laptopမှာ မင်းwallpaperထားထားတာလေ..မင်းနဲ့ဖက်ပြီးရိုက်ထားတဲ့ကောင်လေး"

"မင်း..မင်းဘယ်လိုသိတာလဲ.. "

"Laptopဖွင့်တိုင်း အဲ့ပုံကို မင်းလိုကောင်က ပြုံးပြုံးကြီးကြည့်နေတာလေ.. အစကညီအရင်းမှတ်လို့.. ပြီးတော့မှ မင်းလိုကောင်ကညီအရင်းဆို wallpaperမထားလောက်ဘူးဆိုပြီး..ဟားဟားဟား.. ငါထင်တာမလွဲဘူးဘဲ"

"သူဟိုတစ်နေ့က မိန်းကလေးတစ်ယောက်နဲ့ညအိပ်တယ်ထင်တယ်.."

"ဟမ်.... မင်းနဲ့တွဲနေတာမဟုတ်ဘူးလား bro"

"No.. အဲ့ဒါမင်းဘယ်လိုထင်လဲ"

"သူက မိန်းကလေးတွေကြိုက်တာဆိုရင်တော့ မင်းဘာတတ်နိုင်မှာလဲ.."

"ဟူးးးး.."

----------------------------------------------

Seok Jinအလုပ်မှာလည်း စိတ်နဲ့လူနဲ့မကပ်.. တလွဲတွေသာလုပ်မိနေသည်။ အခုရက်ပိုင်း အိမ်မှာလည်းအပြင်လူတစ်‌ယောက်လိုခံစားနေရသည်။ NaYoungနဲ့ အကိုပျော်ရွှင်နေတာကိုမြင်တိုင်း ရင်ဘတ်ထဲကအောင့်တတ်လာသည်။ ကျေးဇူးရှင်ကို ပြန်ကြိုက်မိနေပြီး ထိုသူပျော်ရွှင်နေတာကိုမကြည့်နိုင်ဖြစ်နေသော ကိုယ့်ကိုယ်ကိုလည်း တကယ်မုန်းမိသည်။

ဒီနေ့ Seok Jinအလုပ်သင်ဘဝမှ စားဖိုမှူးအဖြစ်ရာထူးတိုးခဲ့သည်။ ထို့ကြောင့်အလုပ်မှ သူနဲ့တူတူရာထူးတိုးကြတဲ့ သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းသောက်ဖို့စီစဉ်ထားသည်။

"Jin.. Cheer.."

"Cheer.. brothers"

"If you are not drunk tonight, don't go home..okay? "

I Only Love YouWhere stories live. Discover now