Fourty Three 🐰🐯💜

1.4K 92 5
                                    

Unicode

Ryuu ဒီနေ့အရမ်းပျော်နေသည်။ အဖေ့ကိုပူဆာပြီး ကိုကို့ကို သူ့အားလုပ်ငန်းပိုင်းဆိုင်ရာအ‌ကြောင်း အကူအညီတောင်း သင်ပေးခိုင်းထားတဲ့အတွက် ကိုကိုနဲ့အတူ companyကိုလိုက်လာခဲ့သည်။ ကိုကို့ကို Ryuu ငယ်ငယ်ကတည်းကချစ်ခဲ့ရတာဖြစ်သည်။ ကိုကိုက စန္ဒယားတီးတာသဘောကျတယ်ဆိုလို့ စန္ဒယားပညာရှင်ဖြစ်အောင်ကြိုးစားခဲ့သည်။ ချစ်နေတာကို ကိုကိုမုန်းသွားအထင်သေးသွားမှာစိုးတာကြောင့် ဖွင့်မပြောခဲ့‌ပေမယ့် အခုပညာတော်သင်ကပြန်လာရင်တော့ ပြောဖို့စိတ်ကူးထားခဲ့တာပါ။ သို့သော် သူပြန်ရောက်တော့ ကိုကိုကလက်တောင်လက်ထပ်ပြီးနေပြီ.. ပြီးတော့ ယောင်္ကျားတစ်ယောက်နဲ့တဲ့လား။ ကိုကိုကယောင်္ကျားတွေကိုကြိုက်တာလား။ သူစောစောဖွင့်မပြောခဲ့မိတာ နောင်တအကြီးအကျယ်ရမိသည်။ သူသာစောစောဖွင့်ပြောခဲ့မယ်ဆိုရင် အခု Kim TaeHyungနေရာမှာ သူဖြစ်နေနိုင်မလား??

ဒီနေ့ဆို ကိုကို့နဲ့ company တူတူသွားတာ တစ်ပတ်ရှိပြီဖြစ်သည်။ ကိုကိုက companyမှာလည်း ဂရုစိုက်သည်။ ထမင်းစားလည်းတူတူ ပြန်လည်းတူတူနှင့် အလွန်ပင်ပျော်ဖို့ကောင်းလွန်းသည်။ သို့သော် Ryuu အိမ်မပြန်ချင်ပါ။ အိမ်ရောက်တာနဲ့ က်ိုကိုက Kim TaeHyungဆိုတဲ့လူနားကနေ မခွာတော့ ၊သူလည်း ထို Kim TaeHyungကိုမမြင်ချင်ပါ။ သူမရှိရင်ကောင်းမည်။ ပြီးတော့ ကိုကို့ကိုသူ လုံးဝလက်မလွှတ်ပေးနိုင်ပါ။ လက်ထပ်ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ သူကအရင်တွေ့ခဲ့တဲ့သူမလား။ သူရသင့်သည်လေ။ Hoon လေးကလည်း ကိုကိုနဲ့တူပြီး အရမ်းချစ်ဖို့ကောင်းသောကြောင့် သူချစ်သည်။ လိုအပ်နေတာကတစ်ခုပဲ Kim TaeHyungပျောက်ကွယ်သွားရန်သာ...

-----------------------------------------------

ကိုကိုက အခုရက်ပိုင်း Ryuu ကိုပို၍ဂရုစိုက်လာသည်။ companyနားရက်‌တွေဆို အရင်လို Kim TaeHyung နားမှာလည်းမနေတော့ဘဲ သူသွားချင်တဲ့နေရာများကိုလိုက်ပို့ပေးတတ်သည်။ company ကလူများတောင် ကိုကိုနဲ့သူ့ကို တစ်မျိုးမြင်နေသည်ထင်သည် ပြုံးစိစိနဲ့ကြည့်ကြသည်။ ထိုသို့ထင်သည်ကို သူတကယ်ကြိုက်သည်။ လူတွေက ကိုကို‌ ယောင်္ကျားလေးတစ်ယောက်နှင့်လက်ထပ်ထားတာကိုသာသိပြီး ဘာကိုမှရေရေရာရာမသိပါ။ အဲ့လိုလူမသိအောင်ထားတာကိုက ကိုကိုက Kim TaeHyungကိုမချစ်တာ အသိသာကြီးပဲလေ။ ကလေးအကြောင်းပြပြီး ကိုကို့ကိုရအောင်ယူထားလို့ စိတ်ကောင်းရှိတဲ့ကိုကိုကမချစ်ပေမယ့် ကလေးမျက်နှာနဲ့ပေါင်းပေးနေတာဖြစ်မှာပေါ့...

I Only Love YouWhere stories live. Discover now