Unicode
Hoon လေးက အခုဆို လေးနှစ်ကျော် ငါးနှစ်ပြည့်ခါနီးအရွယ်ကိုရောက်နေပြီဖြစ်သည်။ TaeHyung သားလေးကိုမူကြိုပို့ပြီး အိမ်အတွက်လိုအပ်တာများဝယ်ရန် shopping mall သို့လာခဲ့သည်။ အထဲကိုဝင်ဝင်ချင်း ကောင်လေးတစ်ယောက်က TaeHyung ကိုလှမ်းအော်ခေါ်လို့ကြည့်လိုက်တော့...
"Ryuu..."
"မတွေ့ရတာကြာပြီနော်အကို မိသားစုနေကောင်းတယ်မလား"
Ryuu ကပြန်သွားပြီး ၂နှစ်လောက်ကြာတော့ Instagram ကနေစကားလာပြောခဲ့သည်။ စကားဆိုတာထက် တောင်းပန်ခြင်းဖြစ်သည်။ ထို့နောက် TaeHyung လည်းခွင့်လွှတ်လိုက်ပြီး အဆင်ပြေသွားကာ စကားပြောဖော်သူငယ်ချင်းများဖြစ်သွားကြသည်။
"အကို ဒါနဲ့ ကိုကိုရော မပါဘူးလား"
"မင်းကိုကိုက ဂျပန်ကိုသွားရတယ် NamJoon Hyungနဲ့အလုပ်ကိစ္စ"
"အော်.. ဘယ်နေ့လောက်ပြန်ရောက်မလဲ.. ကျွန်တော်ကမနက်ဖြန်ပြန်မှာဆိုတော့ တွေ့သွားလို့မရတော့ဘူးထင်တယ် အန်တီတို့ကိုပဲသွားတွေ့လိုက်တော့မယ် ဟိုတစ်ခါပြန်သွားပြီးထဲက ကောင်းကောင်းမတောင်းပန်ရသေးဘူး ဘာမှမပြောဘဲပြန်သွားခဲ့မိတာ"
"ဘာမှမဖြစ်ပါဘူး အမေတို့လည်း ဘာမှစိတ်ထဲထားမှာမဟုတ်ဘူး ပြီးတာကပြီးပြီပဲကို အပြစ်ကြီးတစ်ခုလိုခံစားမနေနဲ့တော့"
"ဟုတ်ကဲ့ပါ အကို.. ဒါနဲ့ ကိုကိုလည်းဂျပန်မှာဆိုတော့ အကိုလည်းဂျပန်လိုက်ခဲ့ပါလား ကျွန်တော်ကမနက်ဖြန်ပြန်မှာလေ.. ဟိုမှာကိုကိုနဲ့လျှောက်လည်ပေါ့ တူတူလျှောက်သွားကြမယ်လေ ကျွန်တော်လည်းအကိုနဲ့ရောကိုကိုနဲ့ရော မိတ်ဆက်ပေးချင်တဲ့သူရှိတယ် ဟီး"
"အင်း.. အကိုစဉ်းစားလိုက်ဦးမယ် သားသားလည်းရှိတော့.. ပြီးရင်စာပို့လိုက်မယ်လေ"
Shopping ထွက်ပြီးအပြန်မှာ Jin Hyungဆီဝင်ခဲ့လိုက်သည်။ ထိုအချိန်တွင် Jin Hyungက Nam Joon Hyungနဲ့ဖုန်းပြောနေခဲ့သည်။ TaeHyungလာတော့ဖုန်းကိုချလိုက်သည်။
"ပြောလေ Hyung.. ကျွန်တော်လာလို့ချလိုက်တာလား"
"မဟုတ်ပါဘူး အကိုကအလုပ်လုပ်ရတော့မယ်ဆိုလို့လေ"
YOU ARE READING
I Only Love You
Fanfiction💜TaeKook💜 💜NamJin💜 Tha language of this fic is Myanmar Language... Unicode + Zawgyi Mature Included❗ Warning Alert 🔞