Fifty Three 🐰🐯💜

1.2K 72 2
                                    

Unicode

မနက်စာစားပြီး မကြာခင် TaeHyung တို့ထွက်ခဲ့တာကြောင့် Osaka ကို နေ့လည်ပိုင်းလောက်မှာရောက်ခဲ့သည်။ Jungkook က TaeHyung သဘောကျတဲ့ Castle ရှေ့က Hotel မှာကြိုတင်ဘိုကင်ယူထားပြီးဖြစ်လို့ ဟိုတယ်ကိုအရင်ဝင်ကာနားလိုက်သည်။ Hotel view ကအလွန်လှသောကြောင့် Jungkookရဲ့ နတ်သားလေးမှာအလွန်သဘောကျနေပြီး Jin Hyung စီတလှည့် သူ့အမေစီတစ်လှည့် video callခေါ်ကာ ပတ်ဝန်းကျင်ကိုရိုက်ပြလိုက် သူ့ကိုယ်သူပြလိုက်နဲ့ကြွားရင်း ပျော်ရွှင်နေတော့သည်။

Hotel မှာ TaeHyung ခဏအနားယူ‌နေတုန်း Jungkook အပြင်ထွက်ကာ ကင်မရာလေးတစ်လုံးဝယ်လိုက်သည်။ ထို့နောက် ညနေဘက်ရောက်တဲ့အထိအိပ်ပုတ်နေသော သူ့ရဲ့ Hyung လေးကိုနှိုးကာ Castle ထဲသို့လျှောက်လည်ခဲ့သည်။ TaeHyungကရှေ့ကနေ ကလေးလေးလို ဟိုပြေးဒီပြေး ဟိုဟာလက်ညိုးထိုးပြ ဒီဟာလက်ညိုးထိုးပြနှင့်ပြနေပြီး Jungkook ကတော့ ကင်မရာနဲ့ထိုမြင်ကွင်း‌လှလှလေးများကိုမှတ်တမ်းတင်နေသည်။

TaeHyung တစ်ယောက်လျှောက်လည်လို့ဝသွားတဲ့အချိန်ရောက်တော့ နဲနဲတောင်မှောင်နေပြီဖြစ်သည်။ ခဏအကြာမှာတော့ TaeHyungတစ်‌ယောက် ပင်ပန်း‌လာပြီး ဗိုက်ကလည်းဆာလာပြီဖြစ်တဲ့အတွက် Hotel သို့ပြန်ခဲ့သည်။
Jungkook က TaeHyung ရေချိုးနေတုန်း TaeHyung အကြိုက်အစားအစာများကိုမှာကာ အခန်းသို့လာပို့ခိုင်းထားပြီး TaeHyungရေချိုးခန်းထဲကထွက်လာတာနဲ့ Jungkookက ရေချိုးဖို့ဝင်သွားသည်။ ထိုအချိန်မှာဘဲ စားစရာများကလည်း ရောက်ရှိလို့လာသည်။ TaeHyungကတော့ Jungkook ထွက်လာမှာကိုစောင့်ရင်း အစားအစာများနဲ့ night view ကို ဓာတ်ပုံရိုက်နေသည်။

Jungkook ရေချိုးပြီးတော့ တူတူစားသောက်ကြသည်။ ချစ်ရတဲ့ Hyungပိစိ‌လေးက မစားခင်တူတူ selfie ဆိုလို့ JungKook လည်း သူနဲ့တူတူလက်နှစ်‌ချောင်းထောင်ပို့စ်ပေးကာ ဓာတ်ပုံရိုက်လိုက်ရသေးသည်။ စားပြီးတော့ Jungkook က ကင်မရာထဲမှ ဓာတ်ပုံလေးများကို laptop ထဲကူးထည့်ပေးနေသည်။ TaeHyung ကတော့ သူ့ရဲ့ Jin Hyungဆီဖုန်းဆက်ကာ တစ်နေ့တာကိုကြွားဝါနေပြန်သည်။ ထို့နောက် Hoon လေးကို ဖုန်းဆက်ကာ သားအဖ ၃ ယောက်အလွမ်းသယ်နေကြသည်။

H: "Daddy..Hoon ယေးကိုအကြာကြီးထားတွားရယ်"

Tae: "ဟုတ်ပ Daddy က PaPa တို့ကို အကြာကြီးထားသွားတာနော် Daddy လူဆိုးကြီးကို PaPa ဆုံးမပေးမယ် ဟုတ်ပြီလား"

I Only Love YouWhere stories live. Discover now