Fifty Five 🐰🐯💜

1.2K 81 2
                                    

Unicode

Japan ကနေပြန်တော့ Jin Hyung တို့နဲ့လိုက်ချိန်းမနေတော့ဘဲ အဆင်ပြေသလိုသာပြန်ခဲ့လိုက်သည်။ အခုတော့ TaeHyungတို့ Hoonလေးကိုအမေ့အိမ်မှသွားခေါ်နေသည့်လမ်းမှာဖြစ်သည်။ အမေ့အိမ်ရောက်တာနဲ့ သားက သူတို့ ၂ ယောက်ကိုပြေးဖက်သည်။ သားလေးကသူတို့ကိုအရမ်းသတိရနေသလို TaeHyungရော Jungkookကပါ သားလေးကိုအရမ်းလွမ်းနေခဲ့တာဖြစ်သည်။

"နောက်ကို PaPa သားလေးကိုမထားခဲ့တော့ဘူးနော်"

TaeHyungကတော့ ရောက်တာနဲ့ Hoonလေးကိုပေါင်ပေါ်တင်ထားကာ လက်ဆောင်များကို ဒါအမေ့အတွက် ဒါအဖေ့အတွက် ဒါHoon‌ လေးအတွက်မှစကာ အဒေါ်ကြီးအတွက် Nam Joon Hyungအတွက် Jin Hyungအတွက်ဆိုပြီး မပြီးနိုင်အောင်ခွဲဝေနေ‌တော့သည်။

အိမ်ကိုပြန်ရောက်တာနဲ့ သိပ်မကြာပါ TaeHyung တစ်ယောက်စိတ်တိုရပြီ။ အပြစ်သားနှစ်ယောက်ကတော့ ဆိုဖာအောက်တွင်ကျုံ့ကျုံ့လေးထိုင်နေကာ TaeHyungရဲ့အရိပ်အကဲကိုကြည့်နေသည်။

"Jeon JungHoon.. သားကို PaPa ဖုန်းကြည့်တာ ကြိုက်တယ်ပြောလား မကြိုက်ဘူးပြောလား"

"Daddy ပေးဒါ Hoon ယေးကို"

"ဟေ့ကောင် ငါ့ကိုခုလွှဲချတာလား.. မင်းဘဲ PaPa မသိအောင်ခဏကြည့်ချင်တယ်ဆိုပြီးဂျီကျတာလေ"

"PaPa.. Hoon ယေး နောက်အရုတ်တော့ပါပူး"

မျက်လုံးဝိုင်းကြီးတွေမှာ မျက်ရည်စမ်းစမ်းနဲ့ ပြောလာတဲ့အတွက် TaeHyung စိတ်ထက်မဆိုးနိုင်တော့ပါ။

"လာခဲ့ PaPa ပေါင်ပေါ်.. Jeon Jungkook မပါဘူး ဆက်ထိုင်နေ"

"ဖုန်းကြည့်ရင်သားသား မျက်လုံးထိမှာစိုးလို့ PaPa ကပြောတာ သိရဲ့လား"

"ဟုတ် တိပါရယ်"

"အွန်း သိရင်လိမ္မာရမယ်နော် နောက်မကြည့်ရဘူးကြားလား Hoon လေးအသက်ကြီးလာမှ PaPaက Hoonလေးအတွက် ဖုန်းဝယ်ပေးမယ်"

"ဟုတ် PaPa.. အာဘွား မွ"

"Hyung.... ကျွန်တော်ကရော ကျွန်တော်ကအပြစ်မှမရှိတာ"

"ကျွန်တော်က ဘာကိုအပြစ်မရှိတာလဲ.. ဖုန်းကို ကလေးဂျီကျတိုင်းပေးစရာလား လက်မြှောက် ၅ မိနစ်နေ.. Hoon လေးကြည့်ထား.. နောက် PaPa မကြိုက်တာလုပ်ရင် Daddy လိုနေရမယ်"

I Only Love YouWhere stories live. Discover now