Extra 3.3 🐰🐯💜

1.9K 108 8
                                    

Unicode

"Daddy တို့.. ဘယ်တော့ပြန်လာမှာလဲ"

"နောက်တစ်ပတ်လောက်ပေါ့သမီးရဲ့ ဘာလို့လဲ"

"Daddy ကိုလွမ်းနေပြီလေ .. Daddy တို့များနော်ခရီးတစ်ခါသွားရင်အကြာကြီး"

"ဟုတ်ပါပြီ ဒီတစ်ခါပြန်လာရင် သမီးတို့ဆီမှာ အကြာကြီးနေမယ်ဟုတ်ပြီလား"

"တော်ပါ ပြီးရင် PaPa က ဂျယ်ဂျူအိမ် ပြန်မယ်ဆို လိုက်သွားတာပဲကိုများ"

"ဟားဟား ဒါကတော့ သမီး PaPa ကို Daddy မှမနိုင်တာဗျာ"

"ဟားဟား.. ဒါနဲ့ Daddy..  PaPa ရော"

"ရေချိုးနေတယ် သမီး PaPa က"

"အော် .. ဟုတ်ဟုတ်..  Daddy အဲ့တာဆို ဒါဘဲနော် ဒီမှာအလုပ်တစ်ခုပေါ်လာလို့ PaPa ပြီးရင် ဖုန်းခေါ်ဦး"

"အင်း အင်း.."

-----------------------------------------------

"သမီးဖုန်း‌ဆက်တာလား"

"အင်း Hyung ပြီးရင်ဖုန်းဆက်ပါဦးတဲ့"

"ဒီကောင်မလေးကတော့ နေ့တိုင်းကိုခေါ်နေတော့တာဘဲ"

"သမီးက ကျွန်တော့်ကိုလွမ်းလို့တဲ့.. ခေါ်ပါစေ"

"အေးပါ အေးပါ မင်းတို့သားအဖကိုမပြောရဲပါဘူး"

သားရော သမီးရောလက်ထပ်ပြီးတဲ့အခါ အိမ်မှာပဲ မနေချင်တော့ဘဲ ကမ္ဘာပတ်ကာ ခရီးထွက်ချင်ကြောင်း TaeHyung ကပြောလာသည်။ JungKookကလည်း TaeHyung သဘောကိုလက်ခံသည်။ TaeHyung က အသက်အရွယ်မကြီးခင် သွားနိုင်လာနိုင်ရှိတုန်း ချစ်ရတဲ့သူနဲ့ မရောက်ဖူးတဲ့နေရာအစုံကိုရောက်အောင်သွားကာ ပျော်ပျော်ရွှင်ရွှင်နေချင်သည်။ ဒါကသူ့ရဲ့ငယ်ကတည်းက စိတ်ကူးဖြစ်သည်။
JiEun နဲ့ JungHoon ကအစက သိပ်သဘောမတူပါ။ ၃ လတစ်ခါပြန်လာမယ်ဆိုပြီးကတိပေးကာမှ လက်ခံခဲ့သည်။

အခု TaeHyung နဲ့ JungKook အီတလီဘက်ကိုရောက်ရှိနေသည်။ TaeHyung ကခရီးသွားရင်း ရှုခင်းဓာတ်ပုံလေးတွေရိုက်ကာ JungKookကတော့ အခုချိန်ထိ ငယ်ငယ်ကလိုဘဲ TaeHyung ဓာတ်ပုံလေးတွေကိုမှတ်တမ်းတင်ဆဲဖြစ်သည်။

အခုတော့ အီတလီက ကမ်းခြေတစ်ခုရဲ့ နေဝင်ဆည်းဆာကို JungKook နဲ့ TaeHyung တူတူကြည့်နေသည်....

I Only Love YouWhere stories live. Discover now