Twenty Seven 🐯🐰💜

1.5K 114 1
                                    

Unicode

ဒီနေ့တော့ Kim TaeHyung လေး စိတ်မကြည်ပဲ ဆူပုတ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒီနေ့က မင်္ဂလာဆောင်တာ သုံးလပြည့်သောနေ့ဖြစ်သည်။ JungKook ကလည်းနေ့တိုင်း အလုပ်အားတယ်ကိုမရှိ။ အခုလည်းဒီနေ့ကိုမေ့နေပြန်ပြီထင်သည်။ TaeHyungကိုမနက်ထဲက ဘာဆိုဘာမှမပြော။ ပုံမှန်အတိုင်းမနက်စာအတူစား ပြီး အနမ်းပေးကာရုံးထွက်သွားသည်။ အခုနေ့လည်ကိုလည်း ထမင်းဘာနဲ့စားတယ် ဘယ်တော့ပြန်လာမယ်လောက်ပဲပြောပြီးဖုန်းချသွားသည်။ ထို့ကြောင့် Kim TaeHyung ၏အသည်းပုံ နှုတ်ခမ်းလေးမှာထော်နေရခြင်းဖြစ်သည်။ မဖြစ်တော့ဘူး.. မေမေ့ကိုသေချာအောင် ဖုန်းထပ်ခေါ်ရမည်။

"ဟယ်လို မေမေ မအိပ်သေးဘူးမလား"

"မအိပ်သေးပါဘူးသားရဲ့.. ပြောလေ"

"မေမေ JungKookကသားကိုမချစ်တော့ဘူး"

"ဟမ်.. ဒီပြသနာကမပြီးသေးဘူးလား သားရယ်.. ကဲပြောဘယ်လိုဖြစ်တုန်း"

"ဒီနေ့ဆိုမေမေရယ် မင်္ဂလာသက်တမ်း ၃လပြည့်လေ.. သူမေ့နေတယ်.. ပြီးတော့အလုပ်ပဲလုပ်နေတာ သားကိုဂရုမစိုက်တော့ဘူး"

"ဒါပဲလား.. သားကမေမေပြောသလိုရောလုပ်လား"

"လုပ်တယ်လေ မနက်စောစောထပြီး မနက်စာလည်းလုပ်ပေးတယ်။ အလုပ်ကပြန်လာလည်းကြိုပြီး ညစာတူတူစားတယ်လေ။ သူ့အတွက်ကိုယ်တိုင်လုပ်ပေးတာပဲ အဒေါ်ကြီးကိုတောင်မခိုင်းဘူး"

"သားရယ် JungKookကအလုပ်မအားလို့နေမှာပါသားရဲ့.."

"မဟုတ်ပါဘူးဆို.. သားသိတယ် သူမချစ်တော့တာကို"

"ကဲ.. သား..မဆိုးရဘူးလေ.. မေမေ JungKookကိုသေချာမေးကြည့်မယ် ဟုတ်ပြီလား.. သားသားကလိမ်လိမ်မာမာနေ.. သားဂျီအရမ်းကျပြီးဆိုးရင် အဲ့ကျမှ JungKookတကယ်စိတ်ကုန်သွားလိမ့်မယ်နော်"

"မေမေကလည်း.. သားလိမ်လိမ်မာမာနေနေတာပဲကို.."

"အင်းပါ အင်းပါ.. စိတ်မပူနဲ့နော်.. နေကောင်းအောင်သာနေ ဟုတ်ပြီလား.. ညအထိစောင့်ကြည့်လိုက်ပါဦး JungKook ကဒီနေ့ကိုမမေ့လောက်ပါဘူး.. JungKookက သားကိုအရမ်းချစ်တယ်ဆိုတာ မေမေသိတာပေါ့.. မဟုတ်ရင်သားကိုသူနဲ့ ထားခဲ့ပါ့မလား"

I Only Love YouWhere stories live. Discover now