Fifty 🐰🐯💜

1.1K 76 2
                                    

Unicode

TaeHyung မနက်စောစောထကာ Hoon လေးကို သူ့အဖွားအိမ်ပို့ပြီး လေဆိပ်ကိုတန်းလာခဲ့သည်။ လေဆိပ်ကိုရောက်တော့ Jin Hyung နဲ့ Ryuu ကရောက်နေပြီဖြစ်သည်။ လေယာဉ်က ၁၀ နာရီမှာထွက်ခွါခဲ့ပြီး ၁၂ နာရီလောက်တွင် Tokyo သို့ရောက်ခဲ့သည်။

R: "အကိုတို့ ဘယ်မှာတည်းမလဲ အကယ်၍တည်းဖို့နေရာမစဉ်းစားရသေးရင် ကျွန်တော့်အိမ်ကိုလိုက်ခဲ့ပါလား"

Tae: "ရပါတယ် အားနာစရာ"

R: "အကိုရယ် ကျွန်တော်ဆိုအကိုတို့အိမ်မှာ ၁လလောက်တောင်နေခဲ့တာလေဗျာ.. ခုက ကိုကိုတို့နဲ့မတွေ့ခင်ခဏပဲနေရမှာကို"

SJ: "အင်းဟုတ်တော့ဟုတ်တယ် ညနေလောက်ဆိုအကိုတို့နဲ့တွေ့ရမှာဆိုတော့ တစ်နေ့ခင်းပဲနေရမှာ"

Tae: "အင်း ဟုတ်ပါပြီ အဲ့တာဆိုလည်း Ryuu ကိုပဲ ဒုက္ခပေးလိုက်မယ်နော်"

R: "ဟုတ်ကဲ့ပါဗျာ"

ဒီလိုနဲ့ TaeHyung နဲ့ Seok Jin တို့ Ryuu ရဲ့အိမ်ကိုပါလာခဲ့သည်။ Ryuu ကသူ့ချစ်သူနဲ့ အိမ်သပ်သပ်နေကြောင်းပြောရင်း သူ့ချစ်သူအကြောင်းကိုပြောပြသည်။ သူ့ချစ်သူကနိုင်ငံခြားသားဖြစ်ပြီး Jungkookတို့လို စီးပွားရေးသမားတစ်ဦး ဖြစ် သည်။ အခု Ryuu ကလည်း သူ့ချစ်သူကိုအသိမပေးဘဲ ခရီးကနေတစ်ရက်စောပြန်ခဲ့ပြီး TaeHyungတို့လိုပဲ သူ့ချစ်သူကို Supriseတိုက်ရန်စီစဉ်ထားခြင်းဖြစ်သည်။

SJ: "ဒါတို့ ငါတို့ ၃ယောက်ကအတူတူပေါ့"

R: "ဟုတ်ပါ့ ကျွန်တော်အစက ပြန်လာမယ်ဆိုတာသူ့ကို ပြောမလို့ဘဲ အကို TaeHyungက supriseလုပ်မယ်ဆိုတာနဲ့ ကျွန်တော်လည်းသူ့ကို supriseလုပ်ဖို့အကြံရသွားတာ ဟီး"

Seok Jin နဲ့ Ryuu ကစကားဖောင်ဖွဲ့နေချိန် TaeHyungကတော့ Hoon လေးနဲ့ video callပြောရင်းအလွမ်းသယ်နေသည်။ သားလေးနဲ့ဝအောင်အလွမ်းသယ်ပြီးမှ TaeHyung ဝရန်တာမှပြန်ဝင်ခဲ့သည်။

ခဏကြာတော့ Ryuu က‌ နေ့လည်စာသူကျွေးမယ်ဆိုပြီး ဆူရှီဆိုင်ကိုခေါ်လာခဲ့သည်။ ဆူရှီကအရမ်းစားကောင်းသဖြင့် TaeHyung တစ်ပွဲပြီးတစ်ပွဲစားနေလိုက်သည်။ Jin ကတော့ ဖြေးဖြေးချင်းစားကာ စားဖိုမှူးပီပီ ပါဝင်ပစ္စည်းများကိုလေ့လာခွဲခြမ်းနေသည်။ ထိုအချိန်မှာဘဲ Ryuu ကထပြောလာသည်။

I Only Love YouWhere stories live. Discover now