Extra 2 🐰🐯💜

1K 74 5
                                    

Unicode

"ကဲ Jeon JungHoon.. ဘယ်လိုဖြစ်လို့ကျောင်းမှာရန်ဖြစ်ရတာလဲ"

အခုဆို JungHoonကအထက်တန်းတတ်နေပြီဖြစ်ပြီး JiEun ကအလယ်တန်းဖြစ်သည်။ ဒီနေ့တော့ Jeon JungHoon တစ်ယောက်ကျောင်းမှာရန်ဖြစ်လို့ TaeHyungကကျောင်းကိုလိုက်ကာ ခေါ်ရသည်။ အခု TaeHyung က JungKook အားထိုကိစ္စကိုပြောပြကာ ဆုံးမခိုင်းနေခြင်းဖြစ်သည်။

"JiEun ကိုစာလိုက်ပေးနေတာတွေ့လို့ထိုးလိုက်တာ Daddy"

"ဘာ..... ဘယ်ကောင်က ငါ့သမီးကို...'တောက်' "

"ကျွန်တော် Eunလေးကို ကျောင်းရှေ့မှာတူတူပြန်ဖို့စောင့်ရင်း အဲ့ကောင်တွေက Eunလေးကို အုပ်စုလိုက် လိုက်နှောက်ယှက်နေတာ.. အဲ့တာနဲ့ ကျွန်တော်လည်း ထိုးလိုက်တယ်"

"JungHoon ဆင်ခြေတွေမပေးနဲ့  PaPa သားကိုမွေးတော့ ပါးစပ်ထည့်မပေးထားဘူးလားပြော.. အရင်‌ပါးစပ်နဲ့ပြောမှပေါ့"

"Hyung.. ကျွန်တော်နေ့လည်က Company မှာ နေ့လည်စာသိပ်မစားနိုင်ခဲ့လို့ အခုဗိုက်ဆာနေပြီ တစ်ခုခုလုပ်ပေးပါလား.. သားကိုကျွန်တော်ဆုံးမလိုက်ပါ့မယ်"

"အင်း..  ကင်ချီထမင်းကြော်ပေးမယ် ခဏစောင့်.. ကလေးကိုအရမ်းလဲမဆူနဲ့ဦး.. ဆူရမှာမဟုတ်ဘူးနားလည်အောင်ပြောရမှာ သိတယ်မလား"

"သိပါတယ် Hyung ရဲ့.. ကျွန်တော်ဗိုက်အတော်ဆာနေပြီ.. Hyung လက်ရာလေးစားချင်နေပြီလို့...."

TaeHyung နောက်ဖေးကိုထသွားတာနဲ့ Hoonလေးကို ဆိုဖာပေါ်လာရန် မျက်ရိပ်ပြလိုက်တဲ့ JungKook..

"မင်းနိုင်ခဲ့လား"

"ဟမ်.. ဘာကိုလဲ Daddy"

"အဲ့ကောင်တွေနဲ့ ရန်ဖြစ်တာ မင်းနိုင်ခဲ့လားလို့"

"အာ.. Daddy ကိုယ်တိုင် boxing သင်ပေးထားတဲ့ Daddy ရဲ့သားပါဗျ.. ၄ ယောက်တစ်ယောက်ဆိုတော့ နဲနဲတော့ ဒဏ်ရာရခဲ့ပေမယ့် အဲ့ကောင်တွေကတော့ အနည်းဆုံးတစ်ပတ်လောက်ကျောင်းမလာနိုင်လောက်ဘူး"

"အင်း.. ငါ့သားတော်တယ်.. ထိုးသာထိုးပစ်... ခံတော့မလာနဲ့နော် မနိုင်နိုင်ဘူးထင်ရင် Daddy ကိုအရင်ခေါ်... နောက်ဆိုကျောင်းကိုလည်း Daddy ဆီဘဲဆက်သွယ်ခိုင်း မင်း PaPa မသိစေနဲ့"

I Only Love YouWhere stories live. Discover now