Twenty Two 🐯🐰💜

1.7K 131 3
                                    

Unicode

"Kim Tae Tae ညစာစားမယ်"

"လာပါပြီမေမေ့.. အား.."

"သား... သားလေး.. "

Kim TaeHyung တစ်ယောက် ညစာအသံကြားလို့ ရေချိုးပြီးလို့ထွက်လာလာချင်းပြေးဆင်းလာရာမှ ရေနည်းနည်းစိုနေသောခြေထောက်ကြောင့် လှေကားပေါ်မှချော်ကျသွားခြင်းဖြစ်သည်။

"သားလေး ထနိုင်လား.. မေမေ့ကိုတွဲ"

"ခြေထောက်ကနာတယ် လက်ရော"

"အင်း မေမေ အကျီသွားယူပေးမယ် ခဏထိုင်နေဦးနော်.. ပြီးရင်ဆေးရုံသွားရမယ်.. ဘယ်နားထိသွားလဲသေချာသိအောင်"

TaeHyung ဖြစ်ဖြစ်ချင်းထူပူပြီးသိပ်မနာပေမယ့် ဆေးရုံကိုရောက်တော့ခြေထောက်ကမထောက်နိုင်တော့.. အားလုံးစစ်ထားပြီးမေမေနဲ့တူတူ result ကိုစောင့်နေလိုက်သည်။

Dr: "လူနာရဲ့ခြေထောက်အရွတ်ပြဲသွားတာပါ.. လက်ကတော့ဒီတိုင်းဒဏ်ကြောင့်ပဲခဏတာနာနေတာမျိုးပါ။"

Mom: "ဟုတ်ကဲ့ပါရှင့် ဆေးရုံတွေဘာတွေတတ်ဖို့တော့မလိုဘူးပေါ့နော်"

Dr: "မလိုပါဘူး.. ဒါထက်အရေးကြီးတာက လူနာကကိုယ်ဝန်ရှိနေတာကိုမသိဘူးထင်တယ်နော်.. အခု‌တော့ ကိုယ်ဝန်ကိုမထိခိုက်သွားလို့တော်ပါသေးတယ်.. နောက်ကိုသတိထားပါ"

Tae: "ဗျာ..."

Mom: "ဟင်... သားကဘယ်လို.."

Dr: "ယောကျာ်းလေးကိုယ်ဝန်ဆောင် ဆိုတော့လေ နောက်ကိုပိုသတိထားဖို့လိုမယ်နော်.. ကိုယ်ဝန်က ၄ပတ်ကျော်ရှိနေပါပြီ။ ဒါနဲ့လူနာရဲ့အုပ်ထိန်းသူက လူနာအကြောင်းသိထားတယ်မလားဗျ။ သားအိမ်အကြောင်း။"

Mom: "ဟုတ်ကဲ့ဆရာ.. ကျွန်မသားကိုမွေးခဲ့တုန်းကတစ်ယောက်တည်း မဟုတ်ပါဘူး။ အမွှာပါ။ မမွေးခင်ကထဲက သန္ဓေသားကမူမမှန်လို့အရမ်းဂရုစိုက်ခဲ့ရတယ်။ မွေးလာတော့သမီးလေးတစ်ယောက်၊သားလေးတစ်ယောက်ပေါ့.. ဒါပေမယ့်မွေးထဲကသမီးလေးကအသက်မပါလာခဲ့ဘူး သားလေးဆီကျသားအိမ်ပါလာခဲ့တယ်။ ကလေးကကျန်းမာတယ်၊မခွဲထုတ်လည်းဘာမှမဖြစ်ဘူးဆိုလို့ဒီတိုင်းထားလိုက်တာပါ။ ဘာမှမဖြစ်ဘဲနေကောင်းနေတဲ့ကျမသားကိုဗိုက်ခွဲမထုတ်ချင်ဘူးလေ။ ဒီတိုင်းလည်းကောင်းနေတာကို ခွဲလိုက်မှတစ်ခုခုဖြစ်သွားရင်ဆိုပြီးထားလိုက်တာပါ"

I Only Love YouWhere stories live. Discover now