Fourteen 🐯🐰💜

1.6K 134 0
                                    

Unicode

ဒီနေ့က JungKook အလုပ်ဆင်းမည့်နောက်ဆုံးနေ့ဖြစ်ပြီး အသစ်ခန့်မည့် Secretary အသစ်လည်းရပြီဖြစ်သည်။ လူသစ်နှင့်အတူ JungKook ကအလုပ်ဆင်းရင်းသင်ပြပေးသည်။

ဒီနေ့နောက်ဆုံးအလုပ်ဆင်းတာဖြစ်ကြောင်းကို JungKook သူ့ရဲ့ Hyung ဆိုးလေးအားပြောပြရဦးမည်။ TaeHyung သည် အလုပ်ထွက်တော့မည်ဟု JungKookလာပြောသည့်နေ့မှစ၍ JungKookအားစကားကောင်းကောင်းမပြောတော့ဘဲ အလုပ်ကိစ္စလောက်သာပြောတော့သည်။ နေ့လည်စာတောင် အရင်လို မစီစဥ်ခိုင်းတော့။ သို့သော် ထွက်သွားတော့မည့်အကြောင်း မပြောလို့လည်းမဖြစ်တာမို့ TaeHyungအားပြောရန် JungKook အခန်းတွင်းသို့ဝင်သွားလိုက်သည်။

"CEO ဒီမှာ CEO တောင်းထာတဲ့ဖိုင်တွေပါ"

"အင်း"

"Hyung ကျွန်တော်အလုပ်ဆင်းတာ ဒီနေ့..."

"ဒီနေ့နောက်ဆုံးမလား.. သိတယ်.. ဒါနဲ့ ညနေငါတို့ပွဲလုပ်ရအောင် မင်းမသွားခင်နှုတ်ဆက်ပွဲပေါ့"

"တကယ်လား Hyung .. ကျွန်တော်က Hyung စိတ်ဆိုးနေမယ်ထင်တာ"

"အစကဆိုးပေမယ့် ခုတော့ထားပါ.. မင်းလည်းမင်းကိစ္စနဲ့မင်းရှိမှာပဲလေ.. "

"ကျွန်တော်တကယ်သွားမှဖြစ်မှာမလို့ပါ"

"အင်း.. "

ညနေရုံးဆင်းတော့ TaeHyung ဒရိုက်ဘာဦးလေးကြီးကိုပြန်လွှတ်လိုက်ပြီး JungKook ကိုကားမောင်းခိုင်းလိုက်သည်။

"ဒါနဲ့ JungKook ငါတို့လေ ဆိုင်မှာမစားဘဲ.. အိမ်မှာပဲ မှာစားကြမလား.. လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင်"

"စားလေ Hyung.. ဒါပေမယ့် မမှာနဲ့.. ချက်စားကြမယ်လေ"

"ငါမချက်တတ်ဘူးနော်"

"ကျွန်တော်ချက်ကျွေးမှာပေါ့.. ကျွန်တော်ကောင်းကောင်းချက်တတ်ပါတယ်"

"အင်း ဟုတ်ပြီလေ.. ဒါနဲ့ ဝိုင်တစ်ပုလင်းလောက်ဝယ်ရအောင်"

"Hyung မသောက်နိုင်ဘဲနဲ့"

"နည်းနည်းတော့သောက်နိုင်ပါတယ်ကွာ လျှာမရှည်နဲ့ဝယ်လိုက်"

ဝိုင်ဝင်ဝယ်ပြီး JungKook အိမ်ကိုပဲတန်းမောင်းလိုက်သည်။ အိမ်ရောက်တာနဲ့ JungKook ကချက်ပြုတ်ဖို့ပြင်တော့သည်။ Seafood ကြိုက်သော TaeHyungအတွက် ပုစွန်ဟင်းကို အစပ်လျော့ကာချက်မည်။ ထို့နောက် အသားကင်လုပ်မည်ဟုဆိုကာ စကားတပြောပြောနဲ့ချက်နေသော JungKook ကို TaeHyung ထိုင်ကြည့်နေသည်။ JungKook ထိုသို့လုပ်ပေးနေသည်မှာ သူ့အတွက်ကလွဲ၍ မည်သူ့အတွက်မှမဖြစ်စေရဟု TaeHyung တွေးနေမိသည်။

I Only Love YouWhere stories live. Discover now