Fourty Eight 🐰🐯💜

1.1K 78 4
                                    

Unicode

JungKook အလုပ်သွားတာနဲ့ Hoon လေးကို JungKook မိဘအိမ်ပို့ပြီး TaeHyungတစ်ယောက် Jin ရဲ့ဆိုင်ကိုထွက်လာခဲ့သည်။ Jin Hyung နဲ့သေချာတိုင်ပင်ရန်လိုသည်။ အကြောင်းကတော့ Jeon ညီအကိုမှာ သူတို့ကိုစိတ်ကောက်ကာ စကားမပြောသောကြောင့်ဖြစ်သည်။

"Jin Hyung အခုရက်ပိုင်း ကျွန်တော့်ကို JungKookကစကားမပြောဘူး သားကိုပဲအဖတ်လုပ်ပြီး ကျွန်တော့်ကိုမခေါ်တာ"

"ဟုတ်တယ် Tae..အကိုရောပဲ.. အကိုအရင်ကအဲ့လိုမဟုတ်ပါဘူး ခုမှစိတ်ကောက်ရတယ်လို့"

"Hyung ရယ်သူတို့နဲ့ပုံ တင်ပေးလိုက်ကြမယ်လေ အဲ့ဒါဆိုပြီးရောမလား ကျွန်တော်တို့‌တွေ လက်ထပ်ထားတာလဲကြာပြီပဲ ကျွန်တော်တို့ ယောင်္ကျားချင်းလက်ထပ်ထားတယ်ဆိုတာကိုသိတဲ့သူတစ်ချို့လည်းသိနေကြတာပဲ"

"ဟာ.. သိတာကသိတာပဲ ပုံတင်တော့မှသူများတွေက ဟိုမေးဒီမေးနဲ့ ငါ..ငါကအောက်ကဆိုတာ မ‌ပြောနိုင်ဘူး"

"Hyungကလဲ commentတွေကို သိပ်ဂရုစိုက်မနေနဲ့ ပြန်မပြောလဲရတာပဲကို ခုဟိုလူတွေက ဆန္ဒပြနေတာလေ ၃ရက်တောင်ရှိပြီ"

"သူတို့အကောင့်ရှိတာပဲ သူတို့တင်ပါ့လား တကယ်ပဲ"

"သူတို့အကောင့်ကမသုံးဘူးတဲ့ ကျွန်တော်တို့ကိုကြည့်ဖို့ဖွင့်ထားတာတဲ့ဗျ"

"ဟူး... တကယ်ပဲ ငါတို့လည်း ဘာမှမလုပ်နေဘဲနဲ့"

TaeHyungတို့ ၂ ယောက်သားတိုင်ပင်ပြီး မိသားစုပုံကိုယ်စီတင်လိုက်သည်။ TaeHyungတင်လိုက်တာက သူတို့မိသားစု သားလေးတစ်နှစ်ခွဲမှာ ပြင်သစ်ကသူ့အမေဆီသွားလည်တုန်းက ရိုက်ထားတဲ့ မိသားစု ၃ယောက်ပုံဖြစ်သည်။ Seok Jin ကတော့ သူနဲ့တူတူဟင်းကူချက်နေတဲ့ Nam Joonရဲ့ပုံကိုတင်လိုက်ပြီး ၂ ယောက်လုံးရဲ့ caption ကတော့ တူညီစွာ 'My Beloved Family' ဟူ၍... ထိုအချိန်တွင် Jeon ညီအကိုကတော့ meeting လုပ်နေသဖြင့် ဘာဆိုဘာမှမသိသေးပါ။

Jungkook meeting ခန်းထဲကထွက်လာထဲက ရုံးကလူတွေသူ့ကိုလိုက်ကြည့်နေသလိုခံစားနေရသောကြောင့် တစ်မျိုးဖြစ်နေမိသည်။ ထိုအချိန်မှာပဲ ဖုန်းကိုကြည့်လိုက်တော့ Instagramက noti တတ်နေသည်။ Jungkook following လုပ်ထားတဲ့ တစ်ယောက်တည်းသောသူက ပုံတင်ထားပြန်ပြီထင်သည်။ သူကြည့်လိုက်တော့ သူနဲ့မိသားစုပုံလေးကို TaeHyungကတင်ထားခြင်းဖြစ်သည်။ အကိုဖြစ်သူကိုလှမ်းကြွားရန်ကြည့်လိုက်တော့ အကိုဖြစ်သူမှာ ဖုန်းကြီးကိုကြည့်ကာ အဆမတန်ပြုံးနေသောကြောင့် Jin Hyungလည်း TaeHyungလိုပုံတင်တာဖြစ်မည်ဟုကောက်ချက်ချလိုက်တော့သည်။

I Only Love YouWhere stories live. Discover now