Thirty One 🐯🐰💜

1.5K 106 6
                                    

Unicode

မနေ့က Jungkookအိမ်ကနေပြန်ရောက်ကတည်းက TaeHyung အရမ်းသိချင်နေသည်.. Jeon NamJoon က အစထဲကနာမည်ကြီး.. တော်သလောက် မာနကလည်းကြီးသည်။ မျက်နှာကြောကလည်းတင်းပြီး ရေခဲတုံးလိုလူဖြစ်သည်။ ဘယ်သူလာကပ်ကပ်ဂရုမစိုက်တဲ့လူစားမျိုး.. ထိုသူက နွေးထွေးလှသော Jin Hyungနဲ့ဘယ်လိုတွေဖြစ်ခဲ့ပါသလဲ???

ထိုကိစ္စအကြောင်းပြောရန် TaeHyung ဒီနေ့မနက် Jin Hyung  နဲ့ချိန်းထားသည်။ ထို့ကြောင့် JungKookကအလုပ်မသွားခင် TaeHyung အား Jin Hyung ဆီသို့ဝင်ပို့ပေးခဲ့သည်။

"ကဲ.. Hyungလေး ကျွန်တော် အလုပ်ပြီးတာနဲ့အမြန်ဆုံးလာခေါ်မယ်..ဟုတ်ပြီလား"

"အွန်း..ဘိုင့်ဘိုင့်"

"ဟေး.. ကားပေါ်ကဆင်းဖို့ပဲ လုပ်နေတယ်.. အနမ်းပေးဦးလေ.. အလုပ်မသွားခင်ပေးနေကြကို.."

"မွ.. JungKook နော်မနက်ကလဲအများကြီးပေးပြီးပြီကို.."

"ဟုတ်လို့လား.. မေ့သွားပြီ"

"ကဲ..တော်တော့.. သွားပြီနော်.. ဘိုင့်ဘိုင့် Kook Kook.."

"အင်း.. Hyung ဂရုစိုက်နော်.. "

"Naee..."

-------------------------------

"Jin Hyung..."

"Tae လေးတို့များနော်.. ကားရပ်တာတွေ့တာကြာပြီ ဆင်းလာဖို့ကိုကြာနေရော.. "

"ထားပါအဲ့တာ‌တွေ... အရေးကြီးတာအရင်ပြော Hyung ဘယ်တွေသွားနေတာလဲ အဆက်သွယ်မရဘာမရ.. ပြီးတော့ JungKookအကိုနဲ့ ဘယ်လိုဖြစ်တာလဲ Hyung..... ကျွန်တော်အရမ်းသိချင်နေပြီ"

"အင်း..အဲ့တာက...."

လွန်ခဲ့တဲ့ ၆ နှစ်...
TaeHyungရဲ့အဖေ မဆုံးခင်က Seok Jin အဖေသည် TaeHyungတို့အိမ်ရဲ့ စားဖိုမှူးကြီးဖြစ်သည်။ ငယ်ကတည်းက အဖေအလုပ်လာတိုင်း လိုက်လာတတ်သော Seok Jin က TaeHyung လေးကိုအလွန်ချစ်သည်။ Kimမိသားစုကလည်း Seok Jin ကိုသားလေးတစ်ယောက်လိုချစ်ခင်သည်။ TaeHyungအဖေဆုံးသွားပြီးနောက် SeokJin အဖေလည်းအလုပ်ထွက်ကာ မိသားစုလိုက်အင်္ဂလန်ကိုပြောင်းရွှေ့ခဲ့သည်။

Seok Jin အင်္ဂလန်မှာပဲ ကျောင်းပြီးသွားခဲ့သည်။ တစ်ရက် Seok Jinတို့မိသားစုလိုက် ခရီးထွက်ရင်း car accident ဖြစ်ကာ Seok Jin မိဘနှစ်ပါးလုံးဆုံးသွားပြီး Seok Jin လည်းအတိတ်မေ့သွားခဲ့သည်။

I Only Love YouWhere stories live. Discover now