Five 🐰🐯💜

1.8K 147 1
                                    

Unicode

မနက် JungKook နိုးတော့ ဝရန်တာကိုထွက်ကာ လတ်ဆတ်သောလေကိုတဝကြီးရူရှိုက်လိုက်သည်။

"အားပါး.... လန်းဆန်းသွားတာဘဲ"

ထိုအချိန်တွင် ကမ်းခြေမှာခွေးလေးတစ်ကောင်နဲ့ပြေးဆော့နေသော ပုံရိပ်ငယ်လေး... လွပ်လပ်တဲ့ကလေးတစ်ယောက်လို ပျော်ရွှင်စွာရယ်မောရင်းပြေးဆော့နေသော TaeHyung .....
JungKook ထိုမြင်ကွင်းကိုကြည့်ရင်း သူ့ပါသူတောင်မသိလိုက်ဘဲ ပြုံးနေမိသည်။ ခနနေအကြာမှာတော့ လူကြီးပုံဖမ်းတတ်သော ကလေးလေးကို JungKook ထွက်ခေါ်ရတော့တယ်..
'ခနနေအစည်းအဝေးလုပ်ပြီး အလုပ်ကိစ္စအပြီးသတ်ရမှာကို သူကဆော့နေတုန်း...ဟူးးး တကယ့်ကလေးလေးဘဲ'

"CEO ရေ ကျွန်တော်တို့ခနနေ အစည်းအဝေးသွားရမယ်နော်"

"အွန်း..ငါသိပါတယ်.. မင်းညက mail ပို့ထားတာ ငါမနက်မှကြည့်ဖြစ်တယ်.. အိပ်ပျော်သွားလို့လေ..မင်းကိုတော့တကယ်သဘောကျတယ်သိလား"

သူ့ရဲ့လက်နက်ဖြစ်တဲ့ လေးထောင့်ဆန်ဆန်အပြုံး‌လေးပြုံးပြကာပြောလာတဲ့ TaeHyung ကြောင့် JungKook ဘယ်ဘက်ရင်အုံထဲမှအကောင်လေးမှာ အပြင်သို့ထွက်ကျလာတော့မည့်အလား ခုန်ပေါက်နေတော့တယ်...

"ခင်ဗျာ.."

"မင်းကိုတကယ်သဘောကျတယ်လို့.. ငါတကယ်စိတ်တိုင်းမကျခဲ့ဘူးသိလား အရင်အတွင်းရေးမှူးတွေကို.. ဘယ်လိုပြောရမလဲ သူတို့တော်ပါတယ် ဒါပေမယ့် ငါစိတ်တိုင်းမကျဘူး.. တစ်ခုမဟုတ်တစ်ခုပြင်ခိုင်းရတယ် .. ထပ်ကာထပ်ကာပြောရတာတွေလည်းရှိတယ်.. စာရင်းမှားတွက်တဲ့လူတောင်ရှိခဲ့ဖူးတယ်.. ငါလစာအများကြီးပေးထားတာတောင် ငါစိတ်တိုင်းကျမရလာခဲ့ဘူး..  မင်းကကျသူတို့နဲ့မတူဘူး.. မင်းကိုသိတာမကြာသေးပေမယ့် မင်းလုပ်ပုံကိုင်ပုံကိုကြည့်ရတာ အရည်အချင်းပြည့်ဝပြီး ငါယုံကြည်လို့ရတယ်လို့ခံစားရတယ်.. ပြီးတော့အလုပ်လုပ်တာတိကျသေချာတယ် ပြောစရာကိုမလိုဘူး .. ငါပြောစရာမလိုအောင်ကိုမင်းကကြိုတင်လုပ်ထားတယ်လေ.. ဟူးး နောက်ဆုံးတော့ ငါစိတ်တိုင်းကျတဲ့ လက်ထောက်ရလာခဲ့ပြီပေါ့.."

ပြောပြီးတာနဲ့ အစည်းအဝေးသွားရန် ပြင်ဆင်ဖို့ ထွက်သွားတဲ့ TaeHyung ကိုကြည့်ရင်း မှိုင်တွေတွေနဲ့ရပ်ကျန်ခဲ့တဲ့ JungKook ....

I Only Love YouWhere stories live. Discover now