Fourty One 🐰🐯💜

1.3K 83 1
                                    

Unicode

ဘာလိုလိုနဲ့ သားလေး ၅လတောင်ပြည့်ပြီ။ JungKook သားလေးအတွက်ကိတ်မုန့်ကို Companyကအပြန်ဝင်ယူကာ အိမ်သို့ပြန်လာခဲ့သည်။

"သားသားရေ .. Hyungရေ ..Daddy ပြန်လာ..."

"ကိုကို...."

JungKook စကားပင်မဆုံးသေးခင်မှာ JungKook ကိုလာပြေးဖက်လိုက်လိုက်တဲ့ကောင်လေး...

"ဘယ်သူ... ဟမ် Ryuu ... ဒီကိုဘယ်လိုရောက်လာတာလဲ"

JK's Mom: "Ryuu လေးကသားကိုလွမ်းလို့တဲ့လေ"

ထိုအချိန်မှာပဲ TaeHyung သားလေးကိုပိုက်ကာအခန်းထဲမှထွက်လာတော့ JungKook က ကောင်လေးဖက်ထားတာကိုဖယ်ကာ TaeHyung ဆီကိုသွားလိုက်သည်။

JK: "အော်.. ဟုတ်ပါပြီ ဒါနဲ့မိတ်ဆက်ပေးရဦးမယ် ဒီမှာ ကိုယ့်အမျိုးသားလေ Jeon TaeHyung.. ဒါကသားလေး Jeon JungHoon.. "

Ryuu: "သိပါတယ်ကိုကိုရဲ့ အန်တီပြောပြထားတယ်"

စကားပြောနေရင်း Tae ကိုကိတ်မုန့်ပေးကာ Tae လက်ထဲမှသားလေးကို JungKook ချီလိုက်သည်။

JK: "Hyung.. ဒီည သားသားမွေးနေ့အပြင်မှာသွားစားကြမလား"

Tae: "အိမ်မှာပဲ စားမယ်လေ အမေကဒီနေ့ Hoon လေးရဲ့မွေးနေ့မို့အကုန်ပြင်ထားတာ"

JK's Mom: "ဟုတ်တယ်သားရဲ့ Hoon လေးကလဲငယ်သေးတယ်လေ.. အပြင်မှာစားချင်ရင်နောက်နေ့မှ Taeလေးနဲ့သပ်သပ်သွား"

JK: "ဟုတ်ကဲ့ပါမေမေရဲ့.. သားက Hyung အပြင်မသွားဖြစ်တာလဲကြာတော့ပျင်းနေမှာစိုးလို့"

Ryuu: "ဒီနေ့ကိုကို့သားလေး မွေးနေ့မှန်းမသိလို့ လက်ဆောင်တောင်မပါဘူး"

JK: "ရပါတယ် Ryuu ရဲ့.. ဒါနဲ့ ဒီကိုလာတာအလုပ်ကိစ္စလား"

Ryuu: "မဟုတ်ဘူး ဂီတပွဲရှိလို့လေ.. ပြီးတော့ကိုကို့ကိုသတိရလို့ hotel မှာမနေဘဲဒီမှာနေမလားလို့ခဏလောက်.. ရတယ်မလား"

JK: "ရပါတယ် ပျော်သလောက်နေ ဟုတ်ပြီလား.."

Ryuu: "ဟီး.... ဟုတ်ကဲ့"

ထိုအချိန်မှာဘဲ TaeHyungကအခန်းထဲထဝင်‌သွားသောကြောင့် JungKook သားကိုချီရင်းဝင်လိုက်လာခဲ့သည်။

"Hyung... နေမကောင်းဘူးလား"

"ကောင်းပါတယ်"

"မျက်နှာသိပ်မကောင်းလို့လေ... တစ်ခုခုဖြစ်နေတာမလား.. ကဲ ကျွန်တော့် Hyung လေး ဘာဖြစ်နေတာလဲ ပြော"

I Only Love YouWhere stories live. Discover now