Twenty 🐯🐰💜

1.8K 117 2
                                    

Unicode

JungKookတစ်ယောက် TaeHyungနဲ့ ချစ်သူဖြစ်ပြီးထဲက J Group မှာအလုပ်ဝင်တာ တစ်လနီးပါးရှိပြီဖြစ်သည်။ JungKook အလုပ်ဝင်ပြီး တစ်ပတ်လောက်အကြာမှာပဲ JungKookရဲ့ ချစ်လှစွာသောအကိုကြီးမှာ Companyကိုမင်းနဲ့လွှဲလိုက်ပြီဟုဆိုကာ သူ့ရာထူးကိုပေးပြီး ဘယ်ကမ္ဘာကိုရောက်သွားမှန်းကိုမသိတော့။ ချစ်ရသူလေးမှာလည်း JungKookကိုနာရီဝက်တစ်ခါလောက်ဖုန်းဆက်ကာ အနှောက်အယှက်ပေးဖို့ အဲ မဟုတ် သတိရလို့ဆိုပြီးဖုန်းခေါ်ပါသည်။

"JungKook ရယ်မင်းမရှိတော့လေ အဆင်မပြေဘူးသိလား။ အလုပ်လုပ်ရတာလည်းပင်ပန်းလိုက်တာ... အားးး...မင်းငါ့ဆီပြန်လာခဲ့ပါ....."

"JungKook.. အခုအတွင်းရေးမှူးကလည်းလေ မင်းလိုမတော်ဘူးသိလား.."

"JungKook ဒီဟာကလေ ငါဘယ်လိုလုပ်လိုက်ရင်ကောင်းမလဲဟင်"
စသည့်စသည့်စကားသံများ...
တစ်ခါတစ်ရံ စိတ်အလွန်ညစ်မိသော်လည်း မအော်ရက်ပါ။ မခံနိုင်တဲ့အဆုံး အကိုဖြစ်သူရဲ့အတော်ဆုံးလူယုံလည်းဖြစ် အတွင်းရေးမှူးလည်းဖြစ်တဲ့ Ben ကို K Group ရဲ့အတွင်းရေးမှူးအဖြစ်ပေးလိုက်သည်။ JungKook ဆုံးဖြတ်ချက်အလွန်မှန်သွားသည်။ Ben ကအလုပ်လုပ်တာစေ့စပ်တိကျသည့်အပြင် TaeHyung လုံခြုံရေးအတွက်ပါစိတ်ချရသည်။ ထို့ပြင်ကိစ္စတစ်ခုခုဖြစ်တာနဲ့ JungKook ကိုချက်ချင်းဆက်သွယ်တော့ TaeHyung နဲ့ပတ်သတ်ပြီး စိတ်အေးရသည်။

သို့သော်အခုတော့ JungKook စိတ်မအေးနိုင်တော့ပါ။ ဘာလို့ဆို ချစ်ရသော Hyungလေးမှာ သူ့ကိုစိတ်ဆိုးကာ အဆက်အသွယ်ပါ ဖျက်ထားသောကြောင့်ဖြစ်သည်။ Company လိုက်သွားတော့လည်းမရှိ။ Ben ကိုမေးလည်း သူ့ကိုဖုန်းဆက်ကာ Company ကိုကြည့်ထားဆိုတာဘဲ ပြောသွားတယ်တဲ့လေ။ အိမ်သွားတော့လည်းသော့ပိတ်ထားတာနဲ့ Jeon JungKook တစ်ယောက်ခေါင်းမီးတောက်နေရှာသည်။

------------------

TaeHyung ရုတ်တရက်ရောက်ချလာတော့ Mrs.Kim အံ့ဩသွားသည်။

"သားလေးက ကြိုတောင်မပြောဘူး။ရုတ်တရက်ကြီးရောက်လာတော့ လန့်သွားတာဘဲသားရယ်.. ဘာများဖြစ်လာလဲပြောပါဦး မေမေ့ကို"

"‌ဘာမှမဖြစ်ပါဘူး ဒီတိုင်းစိတ်ပြေလက်ပျောက်လာတာပါ မေမေ"

I Only Love YouWhere stories live. Discover now