Twenty Six 🐯🐰💜

1.7K 117 15
                                    

Unicode

မင်္ဂလာဆောင်အခမ်းအနားကို ခြံထဲမှာဘဲ မိသားစုနဲ့ အကျဉ်းချုံးလုပ်လိုက်သည်။ အခမ်းအနားလည်းပြီး ဆွေမျိုးဘာညာနဲ့စကားပြောဆိုပြီး TaeHyungတို့ နားရချိန်က ညနေတောင်စောင်းနေပြီ ဖြစ်သည်။ မင်္ဂလာဆောင်ပြီးနေဖို့အိမ်သက်သက်ဝယ်ထားပေမယ့် ဒီညတော့ပင်ပန်းနေပြီဖြစ်လို့ အမေတို့အိမ်မှာဘဲ အိပ်ဖို့ဆုံးဖြတ်လိုက်သည်။

"အား.. ခုမှဘဲ အညောင်းတွေပြေသွားတော့တယ်... Hyungရော"

"အင်း နေလို့ကောင်းတယ်"

"ဒီဘက်လှည့်ဦး.."

"ခနလေးဆက်လုပ်ပေးဦး.. ခံလို့ကောင်းလို့"

"ကဲ Hyung.. ကျောကုန်းဘက်တိုက်ပေးပြီးပြီ.. ဒီဘက်လှည့်ပါဆို.. ရေစိမ်တာကြာနေပြီ နေမကောင်းဖြစ်တော့မယ်"

"အင်းပါ.. ဆူဖို့ဘဲတစ်ခုခုဆို"

"နှုတ်ခမ်းကြီးကထော်မနေနဲ့ .. ထွက်တော့ အင်္ကျီအဆင်သင့်ထုတ်ပေးထားတယ်မြန်မြန်ဝတ်ထား.. ကျွန်တော်ကခေါင်းလျော်ရဦးမှာမလို့"

"Kook Kook ပြီးမှထွက်မယ်လေ.. "

"Hyung.. နေမကောင်းဖြစ်မယ်လို့.. ညဘက်အေးတယ် ထွက်တော့.. အဆိုးလေး"

"ဟွန်း.. သွားမှာပါ.. နောက်လည်းရေတူတူဘယ်တော့မှမချိုးဘူး"

JungKookရေချိုးပြီးထွက်လာတော့ ဆိုဖာပေါ်မှာဆူပုပ်ပုပ်နဲ့မုန့်စားနေတဲ့ TaeHyung...

"ဟာ.. ခုနဘဲ သွားတိုက်ပြီး.. ခုမုန့်စားနေတယ်.. ဒီ Hyungလေးကတော့နော် နာတော့မယ်"

"ဘာဖြစ်လဲ"

"သွားပိုးစားလိမ့်မယ် ကြည့်နေ.."

"စားပစေပေါ့.."

"အိပ်ယာပေါ်လာတော့ အိပ်မယ်"

"မလာဘူး.."

"Hyungက တကယ်မလာဘူးပေါ့"

"..............."

"Hyung မလာရင် ကျွန်တော်လာပြီ..."

"အားး.. JungKookချပေး"

"ဟူးး.. Hyungလေးဝကစ်လေးဖြစ်လာလို့လားမသိဘူး.. လေးလာတယ် ဟီးဟီး"

"လေးတယ်ဆိုလည်း မချီနဲ့လေ.. ဘယ်သူကချီခိုင်းလဲ"

"ကဲ.. အိပ်မယ်.. Hyungလေး..မွ. ကလေးလေး..မွ"

I Only Love YouWhere stories live. Discover now