Six 🐰🐯💜

1.7K 144 2
                                    

Unicode

မနက် ဂျယ်ဂျူ ကပြန်မှာ ဖြစ်တဲ့အတွက် အခုညကိုညစာစားပွဲလုပ်ပေးချင်ကြောင်း JungKookကို ဆက်သွယ်လာတဲ့ တစ်ဖက်company ကြောင့် TaeHyung အခန်းတံခါးကိုခေါက်လိုက်သည်။ တံခါးခေါက်ပြီးအတော်ကြာမှ တံခါးဖွင့်လာသည်။

"CEO ..M Groupကမပြန်ခင် ပွဲလုပ်ပေးချင်တယ်ဆိုပြီးပြောလာလို့ အဲ့ဒါကျွန်တော်.... ဟင် CEO နေမကောင်းဘူးလား"

ဘာမှပြန်မပြောဘဲ TaeHyung ရဲ့ဖြူဖျော့နေသောပုံလေးကြောင့် JungKookစိတ်ပူလာသည်။

"CEO ဘာဖြစ်တာလဲ နေလို့မကောင်းလို့လား.. ကျွန်တော့်ကိုပြောပါဦး.. ဆေးခန်းသွားမလား"

"JungKook... ငါအန်ချင်နေတယ်.. ဗိုက်ကတစ်မျိုးကြီးဘဲ နေလို့မကောင်းဘူး"

"အစာမကြေတာများလား.. ကျွန်တော်ပြောသားဘဲရေစိုနေတဲ့အဝတ်နဲ့မစားပါနဲ့လို့ ပြောတာမှနားမထောင်တာ"

"မဟုတ်ဘူး အဲ့အထိကောင်းတယ် ငါရေချိုးပြီးမှဖြစ်တာ... ရေချိုးလိုက်လို့ထင်တယ်"

"ဟမ်.. အစားတဝကြီးစားပြီး ချက်ချင်းရေချိုးရလားဗျ.. အဲ့တော့အစာမကြေဖြစ်ပြီပေါ့ တကယ်ပါဘဲ.. ခနစောင့်"

JungKook အခန်းထဲကထွက်သွားပြီး ခဏကြာတော့ပြန်ရောက်လာသည်။

"ရော့ ဒီဆေး ၂လုံးသောက်လိုက်..အစာကြေဆေးအဲ့ဒါ.. ပြီးတော့လက်ပေး..အပ်ဖောက်ရမယ်"

"ဟမ်..... မဖောက်ပါဘူး ဆေးဘဲသောက်မယ်လေ ခဏနေ ကောင်းသွားမှာပေါ့"

"ကိုယ့်ပုံကိုယ်လည်းကြည့်ပါဦး အဆင်ပြေတဲ့ပုံလားလို့... မရဘူး...ဖောက်ရမယ်.. လက်ပေးပါ"

"JungKook ဟိုဟာ.. ဆေးခန်းသွားမယ်လေ ဆေးခန်းသွားတော့ပိုကောင်းတယ်မလား"

"အင်းသွားလေ တစ်ခါတည်းအားဆေးပါသွင်းရမယ်အဲ့ဒါဆို လူကဖြူဖျော့နေတာဘဲ"

"JungKookရယ် ငါ..ငါအပ်မဖောက်ချင်လို့..ဆေးဘဲသောက်လို့မရဘူးလားကွာ"

"မနာစေရဘူး ဟုတ်ပြီလား အိမ်မှာဆို ကျွန်တော့်အမေကခနခနအစာမကြေဖြစ်တတ်တယ်။ ဖြစ်တိုင်းကျွန်တော်လုပ်ပေးနေကြ.. ကျွမ်းကျင်ပါတယ်ဗျ.."

I Only Love YouWhere stories live. Discover now