Ten 🐰🐯💜

1.6K 139 2
                                    

Unicode

TaeHyung တို့ Company က နှစ်ကုန်တိုင်း ဝန်ထမ်းများအတွက်ပွဲစီစဉ်ပေးလေ့ရှိသည်။ ဒီနေ့ညကျင်းပသော Dinner Party တွင် TaeHyungတစ်ယောက်တစ်ခုခုကို အလိုမကျစွာစိုက်ကြည့်ရင်း လက်ထဲကဝိုင်ကိုမော့ချလိုက်သည်။ TaeHyungကြည့်နေသောအရာကတော့.....

ဝန်ထမ်းများဝိုင်းထိုင်ကာ စကားပြောရင်းသောက်စားပျော်ပါးနေကြသည်။ ထိုဝိုင်းထဲတွင် JungKook ဘေးမှာ ကပ်ထိုင်ပြီး စကားတွေပြောနေသော ဟိုနေ့ကမိန်းကလေး... ဟိုအုန်းသီးကလည်းအရမ်း‌ပျော်နေတဲ့ပုံနဲ့ ရယ်မောနေသည်။

TaeHyungထိုမိန်းကလေးကိုသိသည်။ Finance ပိုင်းက လက်ထောက်အဖွဲ့မှူးဖြစ်သည်။ ရုပ်အရမ်းကြီးမချောသော်လည်း ချစ်ဖို့ကောင်းသည်။ ရင်ခွင်မှီအရပ်နှင့် သွက်လက်သောသူမပုံကို ခြုံငုံကြည့်မည်ဆိုလျှင် ချစ်ဖို့ကောင်းသည့်ကောင်မလေးဖြစ်သည်။ သို့သော် TaeHyungသဘောမကျပါ။ ဘာကြောင့်မှန်းမသိ အကြောင်းပြချက်မရှိဘဲ ကြည့်လို့မရခြင်းဖြစ်သည်။ ကိုယ့်ကိုကိုယ်လည်းနားမလည်ပါ။ ထို့ကြောင့်ဝိုင်ကိုသာ ဆက်တိုက်သောက်နေမိသည်။
ခဏကြာတော့ Jungkookရောက်လာပြီး ...

"CEO သောက်တာများနေပြီနော် သောက်နိုင်တာလည်းမဟုတ်ဘဲ အရမ်းမသောက်ပါနဲ့လား"

"သွားပါ မင်းဘာသာပဲ သွားပျော်နေစမ်းပါ"

"ကျွန်တော်မပျော်ပါဘူး.. စကားပြောနေတာပါ"

"မင်းဘာလို့ရယ်နေလဲ"

"ဟမ်..."

JungKookသိလိုက်ပြီ။ CEO အဆိုးလေးက ဝိုင်လေးနဲနဲသောက်ပြီး သူ့အားစရစ်နေပြီဖြစ်သည်။ ထို့ကြောင့် TaeHyung ဘေးမှာဝင်ထိုင်လိုက်ရင်း ၂ ယောက်တည်းကြားအောင်ပြောလိုက်သည်။

"Hyung အိမ်ပြန်သင့်ပြီ"

"မင်း‌ကရော..ဘာလဲ ငါ့ကွယ်ရာမှာပျော်မလို့လား ငါရှိတော့မလွတ်လပ်လို့လား.. ဟမ်"

"ကျွန်တော်လည်း ပြန်မှာပေါ့.. Hyung နည်းနည်းမူးနေပြီမို့လို့ပြောတာပါ ကျွန်တော်က"

"ပြန်မယ် လိုက်ပို့"

ကားပေါ်မှာအိပ်ပြီး လိုက်လာတဲ့ CEO ပေါက်စလေး.. အိမ်ရောက်လို့ကားရပ်လိုက်တာတောင်မသိအောင် အိပ်ပျော်နေသော TaeHyung ကို JungKook စိုက်ကြည့်နေမိသည်။
'သောက်လည်းမသောက်နိုင်ဘဲ လျှောက်သောက်တဲ့ ကလေးပေါက်စလေး'
JungKook အမူးသမားလေးကိုကြည့်နေရင်း မနေနိုင်တော့ဘဲ နှာခေါင်းချွန်ချွန်လေးကိုဆွဲလိုက်သည်။ တအင်းအင်းတအဲအဲနဲ့အသံထွက်ပြီး ပြန်အိပ်နေတဲ့ အမူးသမားလေးကို JungKook ကြာရင်ဘာလုပ်မိမယ်မသိသောကြောင့် ကားပေါ်ကဆင်းကာ TaeHyung ကိုကုန်းပိုးလိုက်ပြီး အိမ်ထဲသို့ဝင်ခဲ့သည်။
TaeHyungကိုဒီတိုင်းသိပ်လို့မဖြစ် အင်္ကျီလဲပေးရဦးမည်။ ကုတ်အကျီနဲ့ necktie ကိုချွတ်လိုက်ပြီး shirt အမဲလေးကိုကြယ်သီးဖြုတ်လိုက်တော့ နုဖတ်နေတဲ့အသားအရေနဲ့ ညှပ်ရိုးလေး ထင်းထင်းလေးကပေါ်လာသည်။

I Only Love YouWhere stories live. Discover now