အပိုင်း ၁

1.9K 82 2
                                    

Z&U

"သတို့သား နှစ်ယောက် အနမ်းပေးနိုင်ပါပြီ"

ရှက်သွေးခပ်ပါးပါးရဲနေသော ယောင်းမျက်နှာလှလှကို စိုက်ကြည့်ပြီး လူအုတ်ဘက်တစ်ချက်ကြည့် လိုက်မိသည်။ ထောင့်စွန်းနေရာကနေ ဝမ်းနည်းစို့နင့်စွာ ကြည့်နေတဲ့ ဆော့ဂျင်ကိုမြင်မှ အားရဝမ်းသာပြုံးမိသည်။
အရှေ့ကယောင်းရဲ့ နီစွေးစွေးနှုတ်ခမ်းပါးကိုလည်း အားရပါးရ ဖိကပ်ကာ နမ်းလိုက်မိသည်။ ချိုတယ် အမြဲနမ်းခြင်စရာကောင်းလောက်အောင် ချိုနေတာပဲ။

ဟက်

လွန်ခဲ့တဲ့တစ်နှစ်ကအတိတ်ကို တွေးမိတော့ ခပ်ပါးပါးလှောင်ရယ်သံက မခို့တရို့ထွက်ပေါ်လာသည်။
လက်ထဲကမင်္ဂလာဓာတ်ပုံလေးကို ပွတ်သပ်ပြီး ထပ်ကာထပ်ကာကြည့်နေမိသည်။ ကိုယ်ကတကယ့်ကို အလှလေးရထားတာပဲ..။ ယောင်းက တအားလှလွန်းတယ်။ နှာခေါင်းပေါ်ကမဲ့လေး၊ ပါးပြင်ကမဲ့လေးတွေတောင် ယောင်းရဲ့အစိတ်အပိုင်းတွေမို့ သိပ်လှကြတယ်။ ကိုယ်သိပ်သဘောကျတယ် ယောင်း.....။

"အစ်ကို ဘာလုပ်နေတာလည်း အာ..... မင်္ဂလာဓာတ်ပုံထဲ အစ်ကိုကသိပ်ခန့်နေတာ တကယ့်ကို ကြည့်ကောင်းတယ် တအားပဲ"

အေပရွန်လေးနှင့်ယောင်းက အိမ်မှာနေရင်းတောင် အလွန်တရာပြီးပြည့်စုံသည်။ ခပ်စစထွက်နေတဲ့ချွေးလေးတွေကတောင် ယောင်းအလှကြောင့် ငုပ်ရှိုးသွားကြလေရဲ့...။

"ယောင်းလည်း သိပ်လှတာပဲ"

ရင်ခွင်ထဲဆွဲထည့်ကာ ဂုတ်သားအိအိကို ခပ်ဖွဖွနမ်းတော့ စတော်ဘယ်ရီနံ့သင်းသင်းက ဘယ်နေရာကမှန်းမသိ ကြည်စယ်၏။

"ချွေးတွေထွက်နေတယ် အစ်ကိုရဲ့ ပြီးမှနမ်းအခုရေမိုးချိုး gym ဆော့ထားတာမဟုတ်လား
ပြီးရင်မနက်စာစားမယ် အစ်ကို့အကြိုက် ချက်ထားတာမို့"

နှုတ်ခမ်းလေးတွေ ကွေးညွတ်သွားအောင် ပြုံးလိုက်သည်မို့ နမ်းခြင်စိတ်ကထိန်းမရ..။ ထူထူထဲထဲ ဆံပင်တွေကို မွှေနောက်နမ်းပြီး လွတ်ပေးတော့ စူချွန်လာတဲ့ နှုတ်ခမ်းပိစိကိုအသာလေးနမ်းပြီး ရေချိုးခန်းထဲဝင်လာလိုက်လေသည်။ ယောင်းနှုတ်ခမ်းက ခုထိချိုနေတုန်းပဲ......။

2 YOUWhere stories live. Discover now