Z&U
နန်းဂျွန်အလုပ်တောင်မလုပ်နိုင်ပဲ ဂျောင်ကုဗိုက်ကြီးနဲ့ပုံတွေကိုသာ ကြည့်နေမိလေသည်။ သူနဲ့လည်းမပက်သက်ခဲ့ပါပဲ စိုးထိတ်မှုက နှလုံးသားထဲဝင်ဝင်လာသည်မို့ အဆင်မပြေလှ။ တစ်ရိပ်ရိပ်တိုးလာသည့် သံသယက ယောင်းငယ်မျက်နှာတောင် မကြည့်ဝံ့သည်မို့ ကုမ္ပဏီမှာသောင်တင်နေတာ တစ်လလောက်ရှိပေါ့။
"ဥက္ကဋ္ဌကြီးရှင့် ဂျွန်ဂျောင်ကုကဝင်ခွင့်တောင်းနေပါတယ် အရေးတစ်ကြီး ပြောစရာရှိတယ်လို့လည်းပြောပါတယ်"
နန်းဂျွန်သက်ပြင်းရှိုက်ပြီး...
"ဝင်ခိုင်းလိုက်"
ဖိုင်ထဲဓာတ်ပုံတွေပြန်ထည့်ကာသိမ်းဆည်းပြီး စောင့်နေလိုက်လေသည်။ ရှုတ်ထွေးနေတဲ့ ခံစားချက်တွေက သက်ပြင်းရှိုက်လိုက်တာနဲ့ အကုန်ပါသွားရင်ဘယ်လောက်ကောင်းလိုက်မလဲလေ။
"ဥက္ကဋ္ဌကြီး တွေ့ရတာဝမ်းသာပါတယ်"
တံခါးရှပ်ခနဲပွင့်သွားတာနဲ့ ဂျောင်ကုကိုမျှော်လင့်ထားပေမဲ့ ဂျောင်ကုဘေးက ပိစိလေးက ဦးညွတ်ကာနှုတ်ဆက်သည်မို့ နန်းဂျွန်အံ့သြသွားလေသည်။
"ဟာ ကလေးကိုပါခေါ်လာတယ်ပေါ့"
နန်းဂျွန်စကားတောင်မဆုံးသေး မျက်လုံးအစ်အစ်လေးနဲ့ ထိုပိစိလေးက နန်းဂျွန်ကိုပြေးဖက်သည်။ ကလေးလေးရဲ့ အထိအတွေ့ကရင်ထဲလှိုက်လို့ နွေးနွေးထွေးထွေးရယ်။
"ဟုတ်တယ် ဂျွန်းနီးကလာခြင်တယ်ဆိုလို့ ခေါ်လာလိုက်တာ ပြီးတော့ ကျွန်တော်လည်းအစ်ကို့ကိုတွေ့ခြင်လို့"
နီထွေးထွေးနှုတ်ခမ်းပါးက ထွက်လာတဲ့စကားကြောင့် နန်းဂျွန်ချောင်းတစ်ချက်ဟန့်လိုက်မိသည်။ ပန်းရောင်လှိုင်းထနေသော ဂျောင်ကုရဲ့ မျက်နှာလေးကို လျစ်လျူရှုရင်း။
"ရေခဲမုန့်စားခြင်တယ်"
"ချောင်းစိုးမယ်လေ မစားရဘူးနော်"
"နည်းနည်းတော့ ကျွေးလိုက်ပါ ကိုယ်မေးလိုက်မယ်အတွင်းရေးမှူးကို"
ဖုန်းနဲ့လှမ်းခေါ်တော့အတွင်းရေးမှူးက ချက်ခြင်းရောက်လာသည်။ ပိစိလေးကတော့ လက်ခုပ်လက်ဝါးတွေတီးကာ ပျော်မြူးနေလေရဲ့။ ဂျောင်ကုကတော့ သူ့သားသူ မနိုင်ဘူးဟုခေါင်းခါနေသည်။