အပိုင်း ၃၁

331 30 9
                                    

Z&U

၅လခန့်ကြာသော်

"ကင်ထယ်ယောင်း! ငါသားလေးဘယ်မှာလဲ ငါ့သားလေး ငါဒီအတိုင်းနေနိုင်မယ်လို့ထင်လား"

"ဟျောင်းကိုပြောသားပဲ အပြစ်ခံရမယ်လို့"

ဒေါသတွေထွက်ကာ မျက်လုံးတွေပေါက်ထွက်မတတ် စိုက်ကြည့်နေတဲ့ ဆော့ဂျင်ဟျောင်းက အရူးတစ်ယောက်လို အသိလက်လွတ်ဖြစ်လို့။ ဒီဇိုင်နာရဲ့ ယောက်ျားတစ်ယောက်က အဝတ်အစားတွေကို တန်ဖိုးမထားလိုက်တာ တွန့်ကြေလို့။

"ဖယ်! ငါ့သားနဲ့ ငါ့ရဲ့ ဂျောင်ကုဘယ်မလဲ"

ထယ်ယောင်းက အင်္ကျီနက်တိုင်ကိုလှမ်းဆွဲတော့ လက်ကိုဖယ်ဟုဆိုကာ ခါခြသည်မို့။ ပုခုံးက တွန့်ကြေနေသည့် အင်္ကျီကိုသာဖြန့်ဖြေပေးနေမိသည်။

"ဟျောင်းမေးခွန်းမှားနေပြီ ပါခ့်ဂျီမင်းနဲ့သူ့သားလို့မေးရမှာ ဟျောင်းသားဟုတ်ရဲ့လား ဟင်"

"မင်း ကင်ထယ်ယောင်း! ဒါတွေကဘာတွေလို့ထင်လဲ သိသိရက်နဲ့ မင်းလုပ်ခဲ့တာ မင်းမို့လို့!"

မျက်နှာပေါ်ပျံ့ကျဲလာတဲ့ DNA စာရွက်တွေကြောင့် ထယ်ယောင်းမျက်ခုံးပင့်လိုက်မိသည်။ ထယ်ယောင်း ရွေးချယ်တဲ့လမ်းတွေက ဘာလို့ပင်ပန်းနေရတာလဲ မပြောတတ်။ ထယ်ယောင်းကပဲ ကံစိုးလို့လားလေ။

"ဟျောင်းလည်း အဲ့ လိုခံသင့်တဲ့သူပဲလေ! ဘာလို့ကျွန်တော့်ကို ကြိုက်ခဲ့သေးလဲ ဟျောင်းသာ ယောင်းကိုမချစ်ခဲ့ရင် ယောင်းအခုချိန် ယောင်းယောက်ျား ရင်ခွင်ထဲ ပျော်နေရမှာလေ! ကျွန်တော်က ဟျောင်းကို အတင်းယူခိုင်းခဲ့လို့လား ဟျောင်းလိုချင်စုံမက်လို့ လပ်ထပ်ယူခဲ့တာလေ"

"ငါ့ကို ရူးသွားစေချင်လို့လား အခုသူတို့ဘယ်မလဲ စောက်သုံးမကျလိုက်တာ ကင်ဆော့ဂျင်ရာ စောက်သုံးမကျလိုက်တာ"

ထယ်ယောင်း ရင်ကွဲနာကျနေသော ဆော့ဂျင်ဟျောင်းကို ထားပြစ်ခဲ့ကာ ဂျီမင်းပန်ချီတွေထည့်ထားတဲ့အခန်းကို ဝင်လာမိသည်။ အထဲမှာတော့ အစ်ကိုနန်းဂျွန်ဆွဲထားတဲ့ ဂျီမင်းရဲ့ အရောင်အသွေးစုံတဲ့ပုံတွေက အပြည့်အဝနေရာယူထားသည်။

2 YOUWhere stories live. Discover now