Z&U
ထယ်ယောင်းနိုးလာတော့ အစ်ကိုကမရှိပေ။ တစ်ကိုယ်လုံးကိုက်ခဲကာ လှုပ်တောင် မလှုပ်ခြင်ပေ။
အားယူကာအိပ်ယာထဲကထပြီး လေတစ်ဟူးဟူးတိုက်နေသည့် ဝရန်တာဘက်ကို ထွက်လာလိုက်လေသည်။ဘာရယ်မဟုတ်တဲ့ အစ်ကို့အပြောက သူ့ကိုရင်နာစေဖို့လုံလောက်သည်။ ဒါကိုပဲလိမ့်တွေးလိုက် ငိုလိုက်နဲ့ပဲ မူးပြီးမေ့လဲသွားတာ ဖြစ်လိမ့်မည်။ အစ်ကို့ကို ဒုက္ခပိုစေမလားလို့တွေးကာ အိမ်အောက်ကိုဆင်းလာတော့ အစ်ကိုက bar မှာထိုင်ကာ သောက်နေလေသည်။
သူနောက်ကနေဖက်လိုက်တော့ အစ်ကိုကမော့ကြည့်ပြီးရယ်သည်။ ဒီလိုလွတ်လွတ်လပ်လပ်ရယ်တာဆိုလို့ အရက်မူးနေတဲ့ချိန်လေးပဲရယ်တယ်။ သူ့မှာမြင်ခြင်လွန်းလို့ပြုံးပြပါဆိုရင်တောင့် မပွင့်တစ်ပွင့်သာ ရယ်တတ်သည်။ တကယ့်ကိုဆိုးတဲ့ လူဆိုးကောင်ပါနော် အစ်ကိုက။
"သောက်နေတာလား"
"အင်း မွ"
အင်းလိုက်ရင်း ဖက်ထားတဲ့သူ့လက်ကိုဆွဲယူကာ မွခနဲနမ်းပြန်သည်။ အရှေ့ကနေသူ့လက်ကိုဆွဲထားသည်မို့ အစ်ကို့ပုခုံးပေါ် မေးတင်ကာနှစ်ယောက်သား ပါးချင်းအပ်သွားလေသည်။
ပြောပါတယ် မူးနေရင်အစ်ကိုက လူစိုးပါလို့။"ဘာလို့သောက်နေတာလည်း ပင်ပန်းလို့လား"
ပါးချိုင့်တွေကိုနှာခေါင်းလေးနဲ့ ခပ်ဖွဖွနမ်းရင်းမေးတော့ အစ်ကိုကရယ်သည်။ သူ့ဖက်လှည့်လာကာ နှုတ်ခမ်းတွေကို ပြွတ်ခနဲထပ်နမ်းသည်။ နမ်းရင်းနမ်းရင်းအရှိန်ပါလာကာ လည်းပင်းတွေကိုပါ ဆွဲစုပ်နေလေသည်။ ခပ်ဖြည်းဖြည်းတစ်ချက်ဖိကိုက်ပြီး လွတ်ပေးကာ သူ့မျက်လုံးတွေကိုခပ်ရဲရဲကြည့်လာသည်။ အရက်ခိုးဝေနေတဲ့ မျက်ဝန်းနီစပ်စပ်ရဲ့အကြည့်က ရီဝေဝေရယ်။
"ကိုယ်မပင်ပန်းပါဘူး ဒီတိုင်းသောက်ခြင်လာလို့ ကိုယ်ယောင်းအတွက် ဆန်ပြုတ်ပြင်ပေးမယ် ကိုယ်နွေးထားတယ်"
အတင်းထကာ ထမင်းစားပွဲဖက်ဦးတည်နေတဲ့ ခန္ဓာကိုယ်က အထိန်းအကွတ်မဲ့စွာ ယိုင်နဲ့နဲ့ရယ်။ နောက်ကလိုက်ထိန်းပေးတော့ သူ့ပါးပြင်တွေကိုငုံ့မို့ကာ နမ်းလာပြန်လေသည်။ မူးနေသည်မို့ခန္ဓာကိုယ်ကို မထိန်းနိုင်၍ ထယ်ယောင်းအပေါ် မှီတွယ်ကျလာပြီး ဖိကာလက်တွေက သူ့ခန္ဓာကိုယ့်အနှံ့ပျံ့ကျဲလာသည်။