အပိုင်း ၁၉

217 25 4
                                    

Z&U

ချုပ်ပြီးသားအင်္ကျီတွေကိုသာ လာကြည့်သည်မို့ ဒီနေ့တော့သားကိုခေါ်လာခဲ့သည်။ သားကတကယ်အတတ်လေး။ ဆိုင်ကနူးနားတွေအကုန် သူ့ကိုချစ်အောင်ဘယ်လိုများ ပြုစားလိုက်တယ်မသိ အားလုံးက ဂျွန်နီး ဂျွန်နီးနဲ့ဖြစ်ကုန်ကြလေသည်။ ဟိုနူးနားအနားသွားလိုက် ညွှန်ကြားလိုက်နဲ့ သူ့ဟာသူနဲ့တော့ ဟုတ်နေလေသည်။

"ဂျောင်ကု နူးနားဂျွန်နီးလေးကို ရေခဲမုန့်သွားကြွေးမလို့ ဒါနဲ့ဂျွန်နီးလေးက တော့ပိုကီတို့ ငါးအူချောင်းတို့ စားလို့ရရဲ့လား allergic ဖြစ်မှာစိုးရိမ်လို့ပါ"

ဂျောင်ကုရယ်လိုက်မိလေသည်။ ဂျွန်းနီးကလား မတည့်တဲ့အစားအစာရှိမှာ လုံးဝမရှိပါ။ သို့သော်ငြား ဂျွန်နီးကိုယ်တိုင်မကြိုက်ရင်တော့ allergic ရှိသည်ပေါ့။

"ဂျွန်နီးကိုသာမေး သူနဲ့မတည့်တာတွေသူအကုန်သိတယ် တော့ပိုကီဘာညာလည်း သူအကုန်စားတယ် ဒါနဲ့အရှေ့က market ကိုပဲသွားနော် ဂျွန်နီးကလှစ်ခနဲဆို ပြေးထွက်သွားတတ်လို့
ကောင်မလေးနှစ်ယောက်လောက်ခေါ်သွား"

"ဟုတ်ကဲ့ပါဂျောင်ကုရှီး"

ဘယ်လိုပဲစိတ်ခြတယ်ဆိုဆို ကိုယ့်သားအကြောင်း ကိုသိတာမို့ ဂျောင်မှာဖက်ငြိမ်ငြိမ်မထိုင်ရဲပဲ လိုက်ဖို့သာပြင်လိုက်ရလေသည်။ အစကတည်းက မြောက်လောင်းလေးကို အိမ်မှာဒယိဒီတို့နဲ့ထားခဲ့ရမှာကို ခေါ်လာမိတယ်..ဟူး။

"ထားတော့ ကိုယ်တိုင်ပဲလိုက်ခဲ့လိုက်တော့မယ် ဂျွန်းနီးကိုနူးနားတို့မနိုင်နိုင်ဘူး ကိုယ်တိုင်ပဲလိုက်ပို့လိုက်မယ် နူးနားလိုက်ခဲ့ ကျန်တဲ့သူတွေကနေခဲ့တော့"

"ဟုတ်ကဲ့"

ဂျောင်ကုလိုက်မယ်ဆိုတော့ သားတော်မောင်က နူးနားလက်ကိုဖြုတ်ကာ ဂျောင်ကုပေါ်ပြေးတတ် လာလေသည်။ ခုဏကတော့ ဖအေတစ်ယောက်လုံးကို ပစ်ထားပြီးတော့ အခုမှလာချွဲနေတာ အဆိုးလေး။သ

Market ထဲရောက်တော့ ရေခဲမုန့်ဆိုင်ကိုသွားကာ ရွေးနေလေသည်။ ချောကလက်ရေခဲမုန့်ကို ပိုက်ကာထိုင်နေတဲ့ ဂျောင်ကုဆီအပြေးလာနေသည်မို့ တစ်ယောက်ယောက်နဲ့ တိုက်လဲမှာပူပန်ရပြန်၏။

2 YOUDove le storie prendono vita. Scoprilo ora