Z&U
ဂျောင်ကု နှုတ်ခမ်းဆီနီနီလေးကို နှုတ်ခမ်းသားပေါ်တင်ပြီး မိတ်ကပ်ပါးပါးတင်ထားတဲ့ မျက်နှာဖြူဖြူကို မှန်ထဲကနေတစ်စိမ့်စိမ့်ကြည့်နေမိသည်။ အပြစ်ကင်းစင်လွန်းပါသော မထိရက်မတို့ရက်လောက်အောင် ကြည့်ကောင်းလှပါသော ဤမျက်နှာအစိတ်အပိုင်းတွေထဲ ဒဏ်ရာခပ်သေးသေးကိုမြင်တော့ ရယ်ချင်လာသည်။ ဒီတိုင်းအမှတ်တရလေးအဖြစ် ချန်ထားခဲ့ရုံသာ....။
အရာရာပြီးဆုံးသင့်ပေမဲ့ သားအတွက်မပြီးဆုံးသေး ဂျောင်ကုလုံးဝကို အဆုံးအရှုံးမခံနိုင်ပါ။ ဂျောင်ကုပေးဆပ်ခဲ့ရတာတွေ အကုန်လုံးက ထိုက်ထိုက်တန်တန်ပြန်ရဖို့အတွက်ကြီးသာ။
"ဂျောင်ကု အပြင်မှာကင်နန်းဂျွန်ရောက်နေတယ် ဂျောင်ကုနဲ့တွေ့ချင်တယ်ပြောတယ်"
တံခါးကိုခပ်ဖြည်းဖြည်းခေါက်ရင်း ခပ်တိုးတိုးပြောသည့် နူးနားကြောင့် ဂျောင်ကုမှန်ကနေအကြည့်ကို ခွာလိုက်မိသည်။ သူကိုကိုနဲ့ တွေ့ဖို့အချိန်ကျပြီ။
"ကျွန်တော်လာခဲ့မယ်"
"နူးနားစောင့်ခိုင်းထားလိုက်မယ်"
ဂျောင်ကုတံခါးမှာကျောကပ်ပြီး ခဏလောက်စဉ်းစားနေမိသည်။ လိုချင်တာပေါ့ အဲ့ဒီ့လူကို ပိုင်ဆိုင်ချင်တာပေါ့ ဒါပေမဲ့လည်းလေ အဲ့ဒီ့လူကအခြားသူအတွက်ဖြစ်နေတော့ ဂျောင်ကုလုယူချင်ယုံအပြင် ဘာရှိမည်နည်း။
"ဘာကိစ္စရှိလို့လဲမသိဘူး CEO kim"
ဂျောင်ကုအသံသြသျှသျှက အခန်းကျဉ်းထဲ ပြတ်ပြတ်သားသားထွက်လာလေသည်။ နန်းဂျွန်ရင်ထဲက တုန်လှုပ်မှုကို နှစ်ဆတိုးစေသည်က ဂျောင်ကုရုံးခန်းထဲက ဂျီမင်းနဲ့နန်းဂျွန်နဲ့ရိုက်ထားတဲ့ အလှပုံလေးသာဖြစ်သည်။
"မင်းတကယ်ပဲ ဘယ်သူလဲ ငါ့ယူမဲ့အဲ့ဒီ့ယောက်ျားကလေးနဲ့ ဘယ်လိုပက်သက်တာလဲ ဟမ် လက်စွတ်ကော ပုံကော ပြောပြစမ်းပါ ရှင်းစမ်းပါ ငါ့ကိုသေခြာပြောပြစမ်းပါ"
"ကိုကိုက သတိမရတာလား မေ့နေတာလား မေ့ပြစ်တာလား မသိပေမဲ့ ကျွန်တော်က မေ့ပြစ်ဖို့မစဉ်းစားဖူးဘူး"
ဓာတ်ပုံကိုခါရမ်းနေတဲ့ကိုကိုက ထိုနေရာတွင်ရပ်တန့်သွားလေသည်။ ဒူးထောက်ကျမတတ်ယိုင်နဲ့နေတဲ့ ကိုကိုကို့ဂျောင်ကုဆွဲပွေ့ကာ ရင်ခွင်ထဲထွေးပွေ့ထားလိုက်မိသည်။ သူ့ရင်ခွင်ကသေးပေမဲ့ ကိုကို့အတွက်ဆို လုံလောက်၏။
![](https://img.wattpad.com/cover/272244097-288-k713845.jpg)