Z&U
ဆော့ဂျင်တစ်ယောက် ဖန်ခွက်ထဲကအနီရောင်ဝိုင်ကို လှုပ်ခပ်ကာ တစ်ကြိုက်ထဲမော့ခြလိုက်လေသည်။ ချဉ်စူးစူးခါသက်သက် ဝိုင်အရသာက လျှာဖျားမှာစွဲနေလေသည်။ ဝိုင်၏အကူအညီဖြင့် အိမ်ခြင်ရက်သားနဲ့ မအိပ်နိုင်တဲ့မျက်ဝန်းတွေက အကူအညီကိုတွေ့သည့်နှယ် ညွတ်ကျနေလေသည်။ ဆော့ဂျင်အိပ်ခြင်ပါသည် ဒါပေမဲ့ ကျောတောင်မွေ့ယာပေါ်မခြနိုင်ပေ။ ထူးကဲတဲ့နာကျင်မှုတွေက ဒီနေ့မှလှိုက်လှိုက်လဲလဲ ပိုနေလို့။
ပါခ့်ဂျီမင်း ပါခ့်ဂျီမင်း
ခပ်တိုးတိုးရေရွတ်မိတဲ့ အမည်နာမသေးသေးလေးနောက်မှာ အမည်မသိနောင်တရခြင်းတွေငြိတွယ်နေတယ်။ ဘယ်လောက်ထိလည်းမေးရင် မဖြေရဲဘူး။ သူကျူးလွန်ခဲ့တာတွေက ဒီကောင်လေးအပေါ် ဖြေဆည်လို့မရနိုင်ဘူး။ သူသိပ်ကိုလွန်လွန်းခဲ့တာ ပြီးတော့ ဒီကောင်လေးက သိပ်ကိုနာကျည်းနေမှာ။
"သခင်လေး ဂျွန်ဂျောင်ကုအကြောင့်တွေ စုံစမ်းလို့ရလာပါပြီ"
မျက်စိရှေ့ရောက်လာတဲ့ စာအိတ်ကိုကြည့်ကာ လက်တွေတုံယင်နေလေသည်။ ဆော့ဂျင်တွေးသလို မဖြစ်ပါစေနဲ့သာ ဆုတောင်းမိသည်။ လက်တစ်လှမ်းအကွာက စာအိတ်ကို သူဖောက်ဖတ်လိုက်တော့ ထူးခြားတာသိပ်မရှိ။ ဂျောင်ကုရဲ့သူသိနေတဲ့ အကြောင်းအရင်းတွေကြီးပဲ။
ဒါပေမဲ့ နောက်တစ်ရွက်ကတော့ ဤသို့မဟုတ်ပါခြေ။ ဗိုက်ဖောင်းဖောင်းနဲ့ သူ့အဖေဆေးရုံမှာ သွားလာနေတဲ့ပုံတွေကြောင့် သူမျက်ပြူးဆန်ခါသွားသည်။ ယောက်ျားလေး ကိုယ်ဝန်ဆောင်ဆိုတာ ဒါမျိုးလား။ သူများကိုယ်ရေးကိုယ်တာကို အခုလိုလုပ်သည်မှာ မကောင်းသော်ငြား အနှီးကောင်လေး နန်းဂျွန်ဆီဘာအကြောင်းတွေကြောင့် ဦးတည်လာနေလည်း သိရဖို့လိုသည်။
နန်းဂျွန်နဲ့များ မှားခဲ့ဘူးတာလားလေ။ single father ဆိုပေမဲ့ ကိုယ်တိုင်မွေးတယ်ဆိုပြီးဝန်ခံမထားခဲ့ပါခြေ။ သူ့ကိုပါးပါးလို့ မခေါ်ခိုင်းလောက်အောင် သူဘာတွေများ အမှားပြုမိထားပါလိမ့်။ ကျန်ရှိနေသေးသော စာရွက်အချို့အတွင်း အရေးကြီးတာသိပ်မပါသည်မို့ သက်ပြင်းသာရှိုက်လိုက်လေသည်။ သူ့ထင်မြင်မှုလွဲသွားသည်ပဲ ဒီကောင်လေးဝှက်ထားခြင်တာက ယောက်ျားလေးကိုယ်ဝန်ဆောင်ဆိုတာကိုပဲ။ သူ့မှာတော့ အဟက်......။