အပိုင်း ၉

281 32 9
                                    

Z&U

အိမ်ပြန်ရောက်ရောက်ခြင်း မီးဖိုခန်းထဲဝင်ကာ ဟင်းချက်နေလိုက်လေသည်။ ဟင်းတော်တော်များများက သူကြိုက်တဲ့အစားအစာတွေ ကြီးသာ။ အစ်ကိုကကြိုက်မလားတော့ မသိပေမဲ့ ဒီနေ့သူသိပ့်ကို သဝန်တိုနေပါ၏။ ဂျောင်ကုရဲ့ အစ်ကို့အပေါ် ပိုင်စိုးပိုင်နင်း အပြုအမူတွေက သူ့ရင်ထဲ သံမှိုနဲ့ ထိုးစွနေသလိုမျိုး မချိသာမခံသာ..။

အိမ်ထဲစနစ်တကျရှိနေသော အရက်ပုလင်းတွေ သိမ်းစည်းရာနေရာမှာ ရှန်ပိန်ပုလင်းကိုဆွဲယူပြီး လက်နဲ့တစ်တောက်တောက် ခေါက်နေမိသည်။ ထမင်းမစားခင် သောက်ရင်အစာအိမ်မကောင်းပဲ နေလိမ့်မယ် ဆိုတဲ့အစ်ကို့ဆုံးမစကားကြောင့် ရှန်ပိန်ဆီကလက်တွေရွေ့ကာ အလှသာကြည့်နေမိသည်။

"ယောင်းရေ ယောင်း ကိုယ်ပြန်လာပြီ"

ကားသံကြားထဲထဲက ထွက်ကြိုဖို့​မျှော်နေမည်ကို သိသော်ငြား ထယ်ယောင်းထွက်မကြိုမိ။ အစီအရီခြထားသော ဖန်ခွက်လေးတွေကိုသာ စိုက်ကြည့်နေလိုက်မိသည်။ ဒီနေ့ထယ်ယောင်း အစ်ကိုနဲ့စကားပြောခြင်စိတ်ရှိမနေဘူး...။

"ကိုယ်ကယောင်းဘယ်မှာများလည်းလို့ လိုက်ရှာနေတာ ယောင်းက အရက်တွေသောက်မလို့ပြင်နေတယ်ပေါ့"

ရှန်ပိန်တွေကို ခွက်ထဲပြည့်အောင် ထည့်လိုက်လေသည်။ ပြီးတာနဲ့ အစ်ကိုကိုကြည့်တော့ အစ်ကိုက သူမူးမေ့စေလောက်တဲ့ ပါးချိုင့်တွေနဲ့ပြုစား လေသည်။ ဂျောင်ကုကိုကော အဲ့လိုပြုံးပြခဲ့သေးလား။
ဂျောင်ကုတိုက်တဲ့ ကော်ဖီတွေက အစ်ကိုအစာအိမ်ထဲ ကနေနှလုံးသားကို ရိုက်ခတ်သွားသေးလား သူသိပ့်သိခြင်သည်။

"မသောက်ပါဘူး ဒါနဲ့အစ်ကိုက ကော်ဖီနဲ့ရှန်ပိန်ဆို ဘာရွေးမလဲ"

"ကော်ဖီပေါ့ယောင်းရဲ့ ဘာလို့လဲ"

"ယောင်းက ရှန်ပိန်ဆိုရင်ကော"

ယောင်းရဲ့စူးရဲနေတဲ့ မျက်လုံးတွေကြောင့် ပြဿနာတစ်ခုလားလို မေးခြင်ပေမဲ့ ရေရေရာရာမရှိလှတဲ့ ယောင်းမေးခွန်းတွေက ကိုယ့်ကို တားဆီးသည်။

"ယောင်းကရှန်ပိန်ဆို ကိုယ်မူးအောင်သောက်မပေါ့"

အစ်ကို့ရဲ့အဖြေကြောင့် သူပျော်ရွှင်စွာရယ်လိုက်မိလေသည်။ ဘယ်လိုလုပ်မလဲဂျောင်ကု မင်းကတို့နဲ့ ပြိုင်ဘက်ဖြစ်ဖို့ မလုံလောက်သေးဘူး။

2 YOUHikayelerin yaşadığı yer. Şimdi keşfedin