အပိုင်း ၁၂

245 30 14
                                    

Z&U

"အခုအိမ်ပြန်မလား ကိုယ်လိုက်ပို့ပေးရမလား"

လက်ထပ်မှာလည်း မဟုတ်ပါဘဲ အခုလိုဂရုစိုက်ပေးနေတော့ ဂျောင်ကုမှမနေသာတော့။
ဘယ်လောက်ပဲ အရိပ်အမွက်ပြောပြပြောပြ ထိုလူကဘယ်သူ့မှာ ဂရုမစိုက်ပဲ ခပ်ပါးပါးမျက်နှာပြောင်တိုက်သည်။ ဂျောင်ကုသိတဲ့ မျက်နှာပြောင်တိုက်မှု level ကပင်နိမ့်နေ သေးသလားတော့မသိ။

"ဒီနေ့က ကျွန်တော့်ရဲ့ bar သွားသွားမဲ့ရက် ခင်ဗျားလိုက်ခြင်တယ် ဆိုရင်တော့ လိုက်ခဲ့လေ"

ဆံပင်ရှည်တွေကို စုစည်းလိုက်ပြီး ခပ်မိုမိုက်ပုံစံပြောင်းနေသည့် ကောင်လေးကို ကြည့်ရင်းဆော့ဂျင်မှာ ရယ်နေမိသည်။ ဒီကောင်လေး တကယ့်မလွယ်ကြော..။

"သွားလေ ကိုယ်လည်းအားနေတာပဲ"

"ခင်ဗျားက တကယ်အားတယ်နော်"

ရွဲ့တဲ့တဲ့နဲ့ပြောနေတဲ့ကောင်လေးက ကားထဲဝင်သွားသည်မို့ သူနောက်ကကိုယ့်ကားထဲ ကိုယ်ဝင်ကာ လိုက်ရလေသည်။ မာနကြီးလွန်းတဲ့ဂျောင်ကုကတော့ စားသောက်ဆိုင်ကြီး ရှေ့မှာရပ်လိုက်သည်မို့ ကိုယ်ပင်အံသြသွားလေသည်။ ပြောတော့ bar ဆို..။

"ခင်ဗျားသိမသိတော့မသိဘူး ဒါကနည်းနည်း အဆင်ပြေတဲ့ bar မို့လို ခေါ်လာတာ လူလည်းသန့်တယ်လေ"

စားသောက်ဆိုင်အပေါ်ထပ်ကို တတ်လိုက်တော့
တစ်လက်လက်တောက်ပနေတဲ့ မီးရောင်တွေက ဆီးကြိုသည်။ သောက်တဲ့သူတွေကသောက် ကတဲ့သူတွေက က သူ့အကန့်နဲ့သူမို့စိတ်အနှောက်အယှက် ဖြစ်စရာတော့မရှိပေ။

"ခါတိုင်းလိုပဲ cocktail လေးစပ်ပေး"

ဂျောင်ကုက မှလိုက်တော့ စတင်ပြုလုပ်နေတဲ့သူကိုကြည့်လိုက်လေသည်။ ဒီကောင်လေး လာနေကြပဲ။

"ခင်ဗျားကော တစ်ခုခုသောက်လေ မသောက်ပဲ bar ကိုလာပြီးတရားထိုင်တာတော့မဟုတ်ပါဘူးနော်"

"ဟက် ကိုယ့်ကိုလည်း သူ့လိုစပ်ပေး"

မျက်လုံးလုံးလေးမိတ်ပြပြီး ဂျောင်ကုကြည့်တော့ ကိုယ့်ကိုအရေးစိုက်မနေ ခပ်အေးအေးသာ dance floor ဆီငေးမောနေလေသည်။

2 YOUWhere stories live. Discover now